Chapter 58

5.7K 1K 7
                                    

(Unicode)

He Yan သည် Yu Baizhou သို့ အကြိမ်ကြိမ် ဖုန်းခေါ်ဆိုသော်လည်း တစ်ခါမျှ မအောင်မြင်ခဲ့ပေ။

သူနဲ့ Pan Yi ကားပေါ်တက်ပြီး Li Bei နဲ့ Tu Gaoming ကို ဖုန်းခေါ်လိုက်ကာ မောင်းထွက်သွားကြသည်။ နှစ်ယောက်စလုံးက Yu Baizhou ကို တစ်နေ့လုံး အဆက်အသွယ်မရဟု ဆိုသည်။

ဒါက ထူးဆန်းလွန်းသည်။

He Yan သည် Yu Baizhou ၏အိမ်သို့ရောက်ရှိလာပြီး တံခါးဖွင့်ရန်ထွက်လာသူမှာ Yu Chen ဖြစ်သည်။ He Yan ကိုမြင်လိုက်ရသည့်အခါ ထိုကောင်လေးကို အထဲကိုမခေါ်ခင် စက္ကန့်ပိုင်းလောက်ထိ လန့်သွားတယ်။ ဒါပေမယ့် He Yan ကတော့ အချိန်အများကြီးမဖြုန်းနိုင်တော့ပေ။

Yu Chen က သူ့ကို ထူးဆန်းစွာ ကြည့်နေသည် ။ "မင်း Yu Baizhou ကိုမေးနေတာလား။ သူ ခရီးထွက်သွားတယ်လေ မင်းကို မပြောဘူးလား"

Yu Chen သည် He Yan ကို ပထမဆုံးတွေ့သောအခါ တစ်ခုခု ထူးဆန်းနေသည်ဟု ထင်ခဲ့သည်။ Yu Baizhou နှင့် ခရီးသွားနေသူမှာ He Yan ဖြစ်သည်ဟု သူထင်မိသောကြောင့်ဖြစ်သည်။ He Yan ကို သူ့ရှေ့မှာ ပေါ်လာဖို့ မမျှော်လင့်ထားခဲ့ပေ။

"ခရီးသွားတာလား?"

He Yan က သူ့လေသံကို အနှောက်အယှက်ဖြစ်တဲ့ပုံမပေါက်အောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။ သူ့သီအိုရီကို အတည်မပြုမီတွင်၊ Yu Chen နှင့် အခြားသူများ စိတ်ပူရန် မလိုပေ။ "သူ ဘယ်သွားမယ်လို့ ပြောသွားသေးလား" လို့ မေးလိုက်တယ်။

Yu Chen က မက်ဆေ့ချ်တစ်စောင်ကို ဖွင့်ပြီး He Yan ကို ပြလိုက်သည်။

Yu Baizhou သည် မွန်းတည့် ၁၂ နာရီတွင် Yu Chen သို့ ထိုစာကိုပေးပို့ခဲ့သည်။ Yu Chen နှင့် Fu Xia သည် ထိုအချိန်၌ အိမ်တွင်မရှိခဲ့ကြောင်းနှင့် သူတို့ ပြန်လာသောအခါတွင် Yu Baizhou က သူ၏ခရီးဆောင်အိတ်နှင့် ထွက်သွားခဲ့ပြီးဖြစ်ကြောင်း Yu Chen က ပြောသည်။ ထိုအချိန်တွင် သူတို့စိုးရိမ်ပြီး Yu Baizhou ကိုပင် ဖုန်းခေါ်ခဲ့သည်။

He Yan က စိတ်ငြိမ်အောင် လုပ်လိုက်ပြီး “သူကိုယ်တိုင် ဖုန်းကိုဖြေတာလား” လို့ မေးသည်။

Yu Chen: "ဟုတ်တယ်လေ။"

He Yan က အကြာကြီးမနေတော့ဘဲ ပြန်ထွက်သွားခဲ့သည်။ Yu Chen ပြန်ဝင်လာပြီး Fu Xia က ဘာဖြစ်တာလဲလို့ မေးလိုက်တယ်။ Yu Chen သည် အနည်းငယ် ရှုပ်ထွေးနေလျက်ရှိသေးကာ "He Yan ရောက်လာပြီး ငါတို့သား ဘယ်သွားလဲလို့မေးတယ်" ဟု ပြန်ဖြေလိုက်သည်။

Transmigrated into a School Idol and Forced to Do Business Where stories live. Discover now