Chapter 14

8.4K 1.6K 35
                                    


(Unicode)

Yu Bizhou သူ့အဖေရဲ့ အပြစ်ပေးမှုကို ခံရတော့မည်ဟု ထင်နေချိန်တွင်ပင် Fu Xia က ရှေ့တက်လာပြီး ယောက္ခမကို နှစ်သိမ့်ပေးသည်။ ပဋိပက္ခကို ပြေလည်အောင်လုပ်ကာ သူ့အတန်းဖော်သူငယ်ချင်းကို သွားကြည့်ရန် စွပ်ပြုတ်ပန်းကန်ကို ပေးလိုက်သည်။

အစဖော်ပေးလိုက်သည်နှင့် Yu Baizhou လည်း ထိုနေရာတွင် တစ်စက္ကန့်မျှ မနေဝံ့တော့ဘဲ ထုပ်ပိုးထားသည့်ပန်းကန်လုံးကို ယူပြီး ထွက်သွားတော့သည်။

ဆေးရုံကော်ရစ်တာတွင် လမ်းလျှောက်ရင်း Yu Baizhou သူ့ဘဝက ခက်ခဲလွန်းကြောင်း ခံစားရသည်။ ဇာတ်ကွက်အတိုင်း ဆက်သွားလျှင် သေနိုင်သည်။ ထို့အတူ ဇာတ်ကွက်မှ သွေဖယ်လျှင်လည်း သေလိမ့်မည်။ သူလုပ်သမျှက သေဆုံးနိုင်သည်။ သူ့ဘဝက စိတ်မချမ်းမြေ့စရာ ကောင်းလွန်း၍ ကြမ်းပြင်ပေါ်တွင် ပြေးနေသော ပုရွက်ဆိတ်များပင် သူ့ကို သနားနေသယောင် ထင်ရသည်။

Yu Baizhou ဆေးရုံကို အချိန်တော်တော်ကြာ ပတ်ပြီး ကိုယ်တိုင်ကင်သတိမထားမိဘဲ အခြားအဆောက်အအုံသို့ ရောက်သွားသည်။

စာအုပ်မှ အချက်အလက်များအရ Yu Chen နှင့် စကားများပြီးနောက်တွင် မူလပိုင်ရှင်သည် He Yan အမေရှိနေသော အဆောက်အဦးသို့ မတော်တဆ ရောက်ရှိသွားသည်။ ထို့နောက် ကော်ရစ်တာတွင် ဆရာဝန်အခန်းထဲမှ ထွက်လာသော He Yan နှင့်ဆုံသည်။

ယခု Yu Baizhou သွားမလိုပြုနေသည့် အဆောက်အအုံမှာ သူနှင့် He Yan တွေ့ဆုံမည့် နေရာဖြစ်သည်။

ဇာတ်ကွက်က ယခင်လိုဖြစ်မည်ကို စိုးရိမ်၍ Yu Baizhou က ချက်ချင်း မဝင်သွားသေးပေ။ ထိုအစား တံခါးတွင် စောင့်နေပြီး ကော်ရစ်တာအဆုံးရှိ အခြေအနေကို လှမ်းကြည့်နေလိုက်သည်။ ဆေးရုံစင်္ကြံတွင် လူများများစားစား မရှိကြချေ။ အခန်းစုံမှ ဝင်ထွက်ပြေးလွှားနေသည့် ဆရာဝန်များနှင့် သူနာပြုများမှလွဲ၍ ဆေးရုံခန်းအပြင်ရှိ ထိုင်ခုံများတွင် ထိုင်နေသည့် မိသားစုဝင်များနှင့် လူနာအနည်းငယ်သာ ရှိသည်။

ငါးမိနစ်လောက် စောင့်ကြည့်အပြီးတွင် He Yan က ဆရာဝန်အခန်းထဲမှ ထွက်လာသည်။

Transmigrated into a School Idol and Forced to Do Business Where stories live. Discover now