Chapter 2.5

13.1K 1.8K 47
                                    

(Unicode)

အတန်းစ၍ ခေါင်းလောင်းမြည်လာသည်။ Tu Gaoming နှင့် အခြားကောင်လေးများ သူတို့၏ ခုံဆီသို့ တစ်ယောက်ချင်းစီသွားကြစဉ် Yu Baizhou သည် စာအုပ်ထဲရှိ အချက်များထဲမှ သူ့ခုံကို ရှာရသည်။

ပထမချိန်မှာ Cheng Jiahui ၏ အတန်းချိန်ဖြစ်သည်။ တစ်ခဏအကြာတွင် Cheng Jiahui က သင်ထောက်ကူများဖြင့် အတန်းထဲဝင်လာသည်။ Yu Baizhou သည် စင်မြင့်ပေါ်ရှိ အပြုံးကို ကြည့်ပြီး ခေါင်းကို ခါယမ်းမိလိုက်သည်။

“ဒီနေ့ အတန်းမစခင် မနေ့က သင်ခန်းစာအကြောင်း ပြန်နွှေးကြတာပေါ့။ ကျောင်းသားနည်းနည်းကို မေးကြည့်မယ်။ ဖြေချင်ရင် စင်ပေါ် လာဖြေလို့ရတယ်။ အခု ကျောက်သင်ပုန်းပေါ်မှာ မေးခွန်းကို အရင်စရေးလိုက်မယ်။ ဖြေနိုင်တဲ့ကျောင်းသားရှိရင် လာဖြေကြ။ ကျန်တဲ့ မေးခွန်းတွေက တစ်ယောက်ချင်းစီနာမည်ခေါ်ပြီး ခေါ်ခံရတဲ့ ကျောင်းသားတွေက တွက်ပြရမယ်”

Cheng Jiahui က မြေဖြူကို ကောက်ကိုင်လိုက်ပြီး ကျောက်သင်ပုန်းပေါ်တွင် မေးခွန်းများ စရေးသည်။ ကျောက်သင်ပုန်းသည် အလွန်ကြီးမားပြီး ဘယ်နှင့်ညာ နှစ်ဖက်ခွဲထားသည်။ သင်္ချာပုစ္ဆာနှစ်ပုဒ်ကို လျင်မြန်စွာ ရေးလိုက်သည်။

Cheng Jiahui က မေးခွန်းများရေးရာတွင် အကျင့်တစ်ခုရှိသည်။ လွယ်ကူသော ပုစ္ဆာများကို ရှေ့တွင်ရေးပြီး ပိုမိုခက်ခဲသော ပုစ္ဆာများကို နောက်တွင် ရေးခြင်းဖြစ်သည်။ ကျောင်းသားများက အတန်းဖော်များ မတွက်နိုင်သော ခက်ခဲသည့်ပုစ္ဆာများကို ဖြေရှင်းရန် နာမည်ခေါ်ခံရမည် စိုးသောကြောင့် သူတို့တွက်နိုင်သော ပုစ္ဆာများကို တွက်ရန် အလုအယက်ထွက်ကြသည်။

ကျောက်သင်ပုန်းပေါ်တွင် မေးခွန်းခြောက်ပုဒ်ကို ရေးပြီးပြီ။ ပထမမေးခွန်းငါးပုဒ်သည် ကျောက်သင်ပုန်းငယ်သုံးခုတွင် ရှိပြီး နောက်ဆုံးမေးခွန်းတစ်ခုတည်းက ကျောက်သင်ပုန်းငယ်တစ်ခုတည်းတွင် ရေးထားသည်။ Cheng Jiahui ၏ အကျင့်နှင့် ကျွမ်းဝင်ကြသော ကျောင်းသားများက ကျောက်သင်ပုန်းတစ်ခုလုံး နေရာယူထားသော နောက်ဆုံးမေးခွန်းမှာ ခက်ခဲရှုပ်ထွေးလိမ့်မည် ဖြစ်ကြောင်း သိကြသည်။

Transmigrated into a School Idol and Forced to Do Business Where stories live. Discover now