Chapter 8

10.1K 1.7K 117
                                    

(Unicode)

"ဟဲ့။ He Yan နဲ့ Pan Yi ကဘယ်လိုသိကြတာလဲ"

ကဖေးမှာ ဆူညံသံတွေက အခန်းတစ်ဖက်မှာ ထိုင်နေတဲ့ ကောင်မလေးတွေရဲ့ အသံကျယ်ကျယ်စကားပြောသံတွေနဲ့အတူ ပြန့်ကျဲနေတယ်။

မျက်နှာချင်းဆိုင်က ကောင်မလေးက ပြန်ပြောသည်။

"ငါတော့ စဉ်စားလို့ကိုမရဘူး။ ကောင်းကင်နဲ့ မြေကြီးလိုကွာတဲ့ နှစ်ယောက်က အချင်းချင်း ဘယ်လိုသိကြတာလဲဆိုတာ"

အခြားမိန်းကလေးတစ်ယောက်ရဲ့ အသံလည်း ထွက်လာတယ်။
"ဟုတ်တယ် Pan Yi က ကျောင်းက မျက်နှာရှိ* သခင်လေးတစ်ယောက်ဟာကို။ သူ့အဖေက အေမြို့ရဲ့စီးပွားရေးအချက်အချာကျတဲ့ နေရာကို ချုပ်ကိုင်ထားပြီးတော့ အမေကလည်း သံတမာန်။ အတန်းခေါင်းဆောင်တွေတောင်သူ့ကို မျက်နှာရဖို့ ခြောက်မှတ် ခုနှစ်မှတ်ပေးရတယ်။ He Yan ကတော့ ဆင်းရဲပြီးတော့ ပထမနှစ်ထဲက အနှိပ်စက်ခံရတာ။ နှစ်ယောက်သာ အသိဆိုလို့ရှိရင် Pan Yi က He Yan ကိုအနိုင်ကျင့်ရင်း သိသွားတာဘဲ ဖြစ်ရမယ်"

(T/N - having face= လေးစားခံရခြင်း)

စကားစပြောတဲ့ ကောင်မလေးက ပြောတယ်။ "ငါကတော့ အဲ့လိုမထင်ဘူး။ Pan Yi ပုံအရဆိုရင် နှစ်ယောက်ဆက်ဆံရေးက ကောင်းတဲ့ပုံဘဲ။ ဟိုစကားပုံရှိတယ်လေ "အတန်းအစားမတူရင် လှေတစ်စီးတည်း မစီဘူး"* ဆိုတဲ့အတိုင်း He Yan က ချမ်းသာတဲ့ လူမသိသူမသိ ဒုသခင်လေးလို့ ထင်လား"

(T/N- ချမ်းသာတဲ့သူနဲ့ ဆင်းရဲတဲ့သူတွေက အတူတူမပေါင်းသင့်ဘူးလို့ ပြောတာပါ)

ထိုကောင်မလေးကပြောပြီး အခြားနှစ်ယောက်က အချင်းချင်း ကြည့်လိုက်ပြီး မျက်လုံးတွေစွေကြည့်ပြီး ပြောလိုက်တယ်။ "အမှန်အတိုင်း ပြောစမ်းပါ။ နင်ငါတို့မသိတာ တစ်ခုခု လုပ်ထားသေးလား"

ထိုကောင်မလေးက ထမင်းနင်သွားပြီး  ရှက်ရွံ့စွာနဲ့ နည်းနည်းကျုံ့သွားပြီး ဖြည်းဖြည်းချင်း ဝန်ခံလိုက်တော့တယ်။
"တကယ်တော့ မနေ့နေ့လည်က ငါ He Yan ကို ရည်းစားစာ ပို့လိုက်တယ်"

တစ်ယောက်က ဆိုတယ်။ "နင်ရူးနေလား။ သူ့ကို ဘာကြည့်ကြိုက်တာလဲ။ စာတော်တာအပြင် သူ့မှာအခြားကောင်းတဲ့အရာ ရှိလို့လား။ အခြားသူတွေသာ သိလို့ကတော့ နင်အလှောင်ခံရမှာဘဲ"

Transmigrated into a School Idol and Forced to Do Business Where stories live. Discover now