Chapter 34

7.4K 1.4K 28
                                    


(Unicode)

အားကစားအတွက် အစည်းအဝေးက တနင်္လာနေ့တွင် စတင်သည်။ Yu Baizhou က He Yan နှင့် နောက်တစ်ခါဆုံရန်အတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားခဲ့သော်လည်း မနက်ပိုင်းတစ်ချိန်လုံး He Yan အရိပ်အယောင်ပင် မမြင်တွေ့ရမည်ဟု မမျှော်လင့်ထားခဲ့။

သူလည်း မနက်ခင်း လှုပ်ရှားမှုများတွင် မပါဝင်ဘဲ ကောင်လေးများနှင့် အတန်းနေရာအတွက် ရွှေ့စရာရှိသည်များ ရွှေ့ပြီး စားပွဲနောက်တွင် ထိုင်ပြီး နားလိုက်သည်။

သူတို့အတန်းက အားကစားကွင်းပြင်၏ အနောက်အပေါက်နားတွင် ရှိပြီး လမ်းကျဉ်းလေးကို ဖြတ်ပြီးလျှင် စူပါမားကတ်ကို ရောက်သည်။ ထို့အပြင် သူတို့နောက်တွင် ကစားသမားများ လေ့ကျင့်၍ ရသည့် နေရာတစ်ခုဖြစ်သော ဘတ်စကတ်ဘောကွင်းလည်း ရှိသည်။ ထိုနေရာက လူသွားလာ၍ ကောင်းသော နေရာတစ်ခုလည်း ဖြစ်သည်။ ဝင်ဝင် ထွက်ထွက် သွားလာရန် အဆင်ပြေသည်။

ဘေးတွင် Tu Gaoming က Yu Hao နှင့် အခြားကောင်လေးများနှင့် ကတ်ဂိမ်းတစ်ခု ဆော့နေသည်။

Yu Baizhou က ဘောလုံးကွင်းတစ်လျှောက် အကြည့်ပို့လိုက်သော်လည်း He Yan အရိပ်ကို မတွ့ရသေးပေ။ ခဏတွေးလိုက်ကာ Tu Gaoming ဘက် နည်းနည်းတိုးရင်း မေးလိုက်သည်။
"Old Tu ဒီမနက် He Yan ကို လုံးဝမတွေ့မိဘူးလား"

"ဟားဟားဟား ငါ king bomb ရပြီ" Tu Gaoming က စိတ်လှုပ်ရှားစွာနဲ့ ကဒ်တွေကို ပစ်ချလိုက်တဲ့အချိန် အခြားလူတွေကတော့ စိတ်ပျက်လက်ပျက် ဖြစ်ကုန်ကြသည်။ Tu Gaoming မျက်နှာကတော့ ကျေနပ်အားရလျက်ရှိပြီး Yu Gaoming ကို မေးလိုက်သည်။

"ဘော့စ် ဘာမေးလိုက်တာလဲ"

(T/N - သူတို့ကစားနေတဲ့ fight the landlord ဆိုတဲ့ ဂိမ်းပါ။ king bomb ဆိုတာ Poker game တွေ card game တွေကစားတဲ့ နေရာမှာသုံးပါတယ်။
တန်ဖိုးအကြီးဆုံး joker ပုံကဒ်ရယ် ဒုတိယအကြီးဆုံး joker ပုံကဒ်ရယ် ပေါင်းလိုက်တဲ့အခါမှာ တစ်ခြား player တွေ လှုပ်ရှားမှုတွေကို အလဲထိုးနိုင်တဲ့ အင်အားအကြီင်္းဆုံး bomber ဖြစ်လာပါတယ်)

Yu Baizhou စကားမစခင်မှာပင် Yu Hao က Tu Gaoming ကို ဖြေပေးလိုက်သည်။
"ဘော့စ်က မင်း မနက်တုန်းက He Yan ကို တွေ့သေးလား မေးနေတာ"

Transmigrated into a School Idol and Forced to Do Business Where stories live. Discover now