Chapter 13

8.4K 1.6K 34
                                    


(Unicode)

အသီးအရွက်တွေယူဖို့ လက်လှမ်းလိုက်တဲ့ He Yan လက်တွေက တစ်ဝက်မှာ ရပ်သွားတယ်။ Pan Yi မျက်လုံးတွေက အံ့သြမှုဖြင့် ပြူ းကျယ်နေဆဲပင်။ သူတို့ပတ်ဝန်းကျင် အခြေအနေက ချက်ချင်း အေးခဲသွားတယ်။

မကြာခင်မှာဘဲ He Yan တူတွေကို ချလိုက်ပြီး Pan Yi ကို ကြည့်လိုက်သည်။ "မင်း အဲ့လောက် အားယားနေရင် ဘီယာသွားထပ်ဝယ်"

Pan Yi က ရှင်းပြသည်။ "ငါက အားယားနေတာမဟုတ်ဘူး။ ဒီအတိုင်း…"

သူပြောချင်တာ မပြောရသေးခင်မှာဘဲ He Yan ဖုန်းက ရုတ််တရက် မြည်လာတယ်။

He Yan က ပေါ်လာတဲ့ ဖုန်းနံပါတ်ကို ကြည့်ပြီး Pan Yi ကို ဖြေလိုက်ဖို့ အချက်ပြသည်။

Pan Yi က ဖုန်းကိုင်လိုက်ပြီး ဖြေဖို့ နှိပ်လိုက်တယ်။
"ဟေး  ဟယ်လို"

စပီကာကနေ နူးညံ့ပြီး မိ်န်းမဆန်ဆန် ချိုချိုသာသာအသံတစ်ခု ထွက်လာသည်။ "ဟဲလို ဒါက အတန်းဖော် He Yan လား"

Pan Yi ဒီသူရဲ့အသံကို နားထောင်ပြီး သိသလိုရှိပေမယ့် မည်သူမှန်း မမှတ်မိပေ။

သူက He Yan ကို ကြည့်ပြီး ပြန်ဖြေလိုက်သည်။
"ဆောရီး။ He Yan အပြင်ထွက်သွားတယ်။ ဖုန်းကျန်ခဲ့လို့။ ငါက သူ့အတန်းဖော်ပါ"

"အိုး အဲ့ဒါဆိုရင် နှောက်ယှက်မိသွားပြီ။ နောက်မှ ထပ်ခေါ်လိုက်ပါမယ်"

He Yan က ခေါင်းညိတ်ပြရင်း Pan Yi ကို တော်သင့်ပြီဖြစ်ကြောင်း အချက်ပြသည်။ သို့သော် Pan Yi က ဖုန်းကို ချက်ချင်း မချဘဲ ပြုံးရင်း စကားဆက်ပြောသည်။
"ကိစ္စမရှိပါဘူး။ ပြောစရာရှိရင် မင်း ငါ့ကို ပြောလို့ရတယ်။ ငါ သူ့ကို ပြန်ပြောပေးမယ်"

He Yan က သူ့ကို စိုက်ကြည့်လာသည်။

Pan Yi က ပြုံးနေရင်း သူ့ကို မျက်ခုံးပင့်ပြချိန်မှာ ဖုန်းတစ်ဖက်က သူရဲ့ပြန်ပြောသံကို ကြားရသည်။
"ပြောပေးမယ်ဆိုရင်တော့ ကောင်းတာပေါ့"

"မင်း ပြောခိုင်းမှတော့ ငါပြောပေးလို့ရတာပေါ့" Pan Yi က ရက်ရောစွာ ပြောသည်။

တစ်ဖက်က ပြုံးလိုက်ပြီး ပြောလိုက်သည်။
"ကျွန်မက Maaga မဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ် Jian Yuan ပါ"

Transmigrated into a School Idol and Forced to Do Business Where stories live. Discover now