Chapter 61 (Final)

11.6K 1.2K 82
                                    

(Zawgyi)

April Fool's Day သည် ကျရှုံးမှုဖြင့် ပြီးဆုံးသွားခဲ့ပြီး ရော်ဘာကြက်ရုပ်များက အသံထွက်ရန် အခွင့်အရေး မရခဲ့ပေ။ ကံကောင်းစွာဖြင့်၊ သူတို့ နှစ်ယောက် အတူတူ လဲလျောင်းနေခဲ့ကြရာ ပျင်းစရာ အခိုက်အတန့် မဖြစ်ခဲ့ကြပေ။

ညဘက်ရောက်သွားချိန်တွင် အိမ်အတွင်းရော အပြင်ပါ တိတ်ဆိတ်နေလျက်ရှိသည်။ Yu Baizhou သည် He Yan ၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ တဖြည်းဖြည်းအိပ်ပျော်သွားသည်။

ကျောင်းတွင် Yu Baizhou နှင့် He Yan တို့သည် သင်တန်းစာများကို အတူတူ ဆက်လက်လုပ်ဆောင်ခဲ့ကြသော်လည်း ယခုတစ်ကြိမ်တွင် သူတို့သည် အိမ်စာများကို အတူတူလုပ်ဆောင်ရန်သာ မဟုတ်တော့ဘ၍ စာသင်ခန်းထဲတွင်သာ မနေတော့ပေ။ Yu Baizhou သည် ကော်ဖီဆိုင်နောက်ကွယ်ရှိ နေရာကျဉ်းကျဉ်းလေးတွင် ပြင်ပလေပြေလေညင်းကို ခံစားလိုစိတ်က ရံဖန်ရံခါ ပေါ်ပေါက်လာပြီး တစ်ခါတစ်ရံတွင် ကျောင်းကွင်းအပြင်ဘက်ရှိ ငြိမ်သက်တိတ်ဆိတ်သော ကော်ဖီဆိုင်တစ်ဆိုင်တွင် ထိုင်လေ့ရှိသည်။ သူဘယ်ကိုသွားချင်သည်ဖြစ်စေ He Yan က အမြဲလိုက်ပေးလေ့ရှိသည်။ Yu Baizhou နှစ်သက်တဲ့ နေရာတစ်ခု ဖြစ်သရွေ့ သူနဲ့အတူ လိုက်ပါဖို့ ဆန္ဒရှိသည်။

Yu Baizhou က ရက်ရောသည့် တစ်ချို့အချိန်များတွင် He Yan ကို ဘယ်သွားချင်လဲဟု မေးဖြစ်သည်။ သူတို့နှစ်ဦးသည် ပထမအဆင့်* ကို ကျော်ဖြတ်ပြီးပြီဖြစ်သောကြောင့် He Yan သည် သူ့ဆန္ဒကို ဖုံးကွယ်ထားခြင်း မရှိတော့ပေ။ အဖြေက အမြဲတမ်း စကားလုံးတစ်လုံးပင် - ဟိုတယ်။

[T/N- "开了一半荤"/opening (half of the) meat- အမဲသားဆိုသည်မှာ အတွေ့အကြုံအသစ်တွေ ခံစားရတာကိုပြောတာပါ 'တစ်ဝက်' က...အရင်အခန်းက နီးကပ်လာတဲ့ ဆက်ဆံရေးကို ရည်ညွှန်းပါသည်။ ဖတ်ရအဆင်ပြေအောင် 'ပထမအဆင့်' လို့ပဲသုံးထားပါတယ်]

အချိန်တိုင်း Yu Baizhou သည် သူ့နားရွက်များ နီရဲလာသည်အထိ အစခံခဲ့ရသော်လည်း He Yan က ရယ်မောပြီးသည်နှင့် စာဆက်ဖတ်ရန် ခေါင်ပြန်ငုံ့သွားလိမ့်မည်။

He Yan ၏နှုတ်ခမ်းများက Yu Baizhou အား ကျီစယ်ရန်အခွင့်အရေးကို ဘယ်သောအခါမှ လျစ်လျူမရှုထားသော်လည်း သူ၏ အပြုအမူများသည် အလွန်အေးချမ်းသည်။ ကိုယ့်ကိုကိုယ်ထိန်းချုပ်ကာ အကွာအဝေးတစ်ခုထားထားသော ပုံစံကြောင့် Yu Baizhou သည် ပျော်ရွှင်မှုနှင့် ဒုက္ခများကြားတွင် မကြာခဏ ပိတ်မိနေခဲ့ရသည်။

Transmigrated into a School Idol and Forced to Do Business Where stories live. Discover now