Chapter 59

6.1K 1.1K 17
                                    

(Unicode)

Yu Baizhou သည် အခန်းတစ်ခန်းလုံးကို လှည့်ပတ်သွားလာကာ အနည်းဆုံး ကြိုးအဖြစ် အသုံးပြုနိုင်မည့် အရာတစ်ခုကို ရှာဖွေရန် ကြိုးစားခဲ့သည်။ သို့သော် အခန်းသည် အံ့သြစရာကောင်းလောက်အောင်ပင် လွတ်လပ်လျက်ရှိသည်။ အရောင်တောက်ပြောင်သော ပရိဘောဂများနှင့် အံဆွဲများထဲတွင် တွေ့ရသည့် သေးငယ်သော ထူးဆန်းသည့်အရာအနည်းငယ်မှလွဲ၍ အခြားအရာများ မရှိသလောက်နီးနီးပင်။

တီဗွီမှာ တပ်ဆင်ထားတဲ့ ကြိုးတစ်ချောင်းကို သူတွေးနေမိပေမယ့် (အဲဒါကတော့ စောင်နဲ့ အိပ်ယာခင်းတွေကို လိမ်ပြီး ချည်နှောင်သည့် ကြိုးကြမ်းသာ ဖြစ်၍) အခန်းထဲမှာ တစ်ခုတည်းသော စောင်က ခိုင်ခံ့မှုမရှိသေးပေ။ သုံးလေးပိုင်းလောက် ဖြတ်လိုက်လျှင် ထိန်းထားနိုင်လောက်တဲ့ အရည်အသွေးမျိုး ရှိမည်မဟုတ်။ နောက်ဆုံးတွင်၊ သူသည် 100 catties ကျော် အလေးချိန်ရှိသော ကောင်လေးတစ်ယောက်ဖြစ်ပြီး ယခုအခြေအနေအရဆိုလျှင် စောင်ကြိုးပေါ်မှ ခြေမချနိုင်မီ အရာအားလုံးက ပျက်ဆီးသွားမည်ကို သူကြောက်ရွံ့သည်။ သူ့တွင် ဇာတ်ဆောင်တစ်ယောက်ရဲ့ ရွှေလက်ချောင်းလည်း မရှိသလို အိမ်ခေါင်မိုးပေါ်ကို ခုန်ဆင်းပြီး နံရံတွေပေါ်ကို ခုန်ပျံကျော်လွှားလို့လည်းမရပေ။ ထို့ကြောင့် နိဂုံးချုပ်အားဖြင့် သူ၏ ထိုအယူအဆလေးသည် သေချာစဉ်းစားဆင်ခြင်မှုမရှိဟု ဆိုနိုင်သည်။

[T/N- “斤”/jin၊ တိုင်းတာမှုယူနစ်- 500g (YBZ >50kg)]

Yu Baizhou သည် အခန်း၏ဖွဲ့စည်းပုံကို ဂရုတစိုက်ကြည့်ရှုခဲ့အပြီးတွင် တစ်ခုတည်းသောလမ်းမှာ တစ်ပေါက်တည်းရှိသည့် တံခါးပေါက်ပင်ဖြစ်နေဆဲဖြစ်သည်။

သူသည် တံခါးဆီသို့ လျှောက်သွားကာ တံခါးလက်ကိုင်ကို ထပ်မံစမ်းကြည့်ရန် နီးကပ်နေချိန်တွင် အပြင်မှ တံခါးကို ဖွင့်လာသည်။ Pei Xuan သည် သူ့ရှေ့တွင် ပေါ်လာသည်။

Pei Xuan ?

Yu Baizhou သည် သူ၏ လှုပ်ရှားမှုများ ရပ်တန့်သွားသည်။ သူ့ကိုယ်သူ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသော်လည်း အမှန်တကယ် Pei Xuan ဖြစ်ဖို့ မမျှော်လင့်ထားပေ။

Transmigrated into a School Idol and Forced to Do Business Where stories live. Discover now