Chapter 38

7.6K 1.5K 70
                                    


(Unicode)

ညအချိန်သို့ ရောက်နေပြီ။ ကြယ်အနည်းငယ်က အပြင်ဘက် ကောင်းကင်ယံတွင် ဟိုတစ်စက် ဒီတစ်စက်ဖြင့် တစ်လက်လက် တောက်ပနေသည်။

အဖေနှင့် သားဖြစ်သည့် Yu Baizhou နှင့် Yu Chen က ဆိုဖာပေါ်တွင် လက်ပိုက်ကာ အတွေးကိုယ်စီဖြင့် ထိုင်နေကြသည်။ သူတို့သက်ပြင်းချသံက ဆက်တိုက်ဆိုသလို ထွက်လာကြသည်။

သူ့ဘေးက အသံကို ကြားပြီး Yu Chen က သူ့ခေါင်းကို လှည့်လိုက်ပြီး Yu Baizhou ကို မျက်မှောင်ကြုတ်ရင်း ကြည့်လာသည်။

"မင်းက ဘာတွေ သက်ပြင်းချနေတာလဲ"

Yu Baizhou က သူ့ကို ပြန်မေးလိုက်သည်။
"အဲ့ဒါဆို အဖေကရော ဘာကို သက်ပြင်းချလိုက်တာလဲ"

Yu Chen: "......"

Yu Chen: " မင်းအခန်းကို မင်းမြန်မြန်ပြန်ပြီး အခုချက်ချင်း အိပ်တော့"

Yu Baizhou ဆိုဖာကို တစ်ချက်ရိုက်လိုက်ရင်း မတ်တပ်ရပ်ကာ
"ဟုတ်ကဲ့ပါ" ဟု ဆိုလိုက်ရင်း အခန်းထဲကို ချက်ချင်း ပြန်သွားလိုက်သည်။

ဘယ်နေရာသို့ ပြောင်းပြောင်း သူစဉ်းစားရဦးမည် ဖြစ်၍ အရေးသိပ်မကြီးပေ။

အစက အချိန်ယူ၍ တဖြည်းဖြည်း အဆင်ပြေလာစေရန် မျှော်လင့်ထားသော်လည်း ထိုအကြောင်းနှင့် ပတ်သက်ပြီး သူခိုကိုးရာမဲ့ဖြစ်မည်ဟု မမျှော်လင့်ထားချေ။ မနက်ဖြန် သူ့အိမ်သို့ He Yan လာမည့်အကြောင်း လုံးဝ မေ့နေခဲ့ပြန်သည်။

မနက်ဖြန် အချင်းချင်း တွေ့ရခြင်းက မျက်နှာပူစရာ ဖြစ်လိမ့်မည်။

He Yan က ရှက်မည် သို့မဟုတ် မရှက်မည်ကို သူမသိသော်လည်း သေချာတာတစ်ခုက သူရှက်လိမ့်မည်ကိုပင်။ ဟင်း…

နောက်နေ့ နေ့လည်ခင်း မွန်းတည့်ခါနီးတွင် Fu Xia က Yu Baizhou ကို He Yan စောစောလာရန် ဖုန်းဆက်သင့်ကြောင်း တတွတ်တွတ် ပြောသည်။

Yu Baizhou က ဆိုင်းဆိုင်းတွတွဖြင့် ဖုန်းကို ကောက်ကိုင်ကာ ခဏတွေးလိုက်ပြီး သူ့ခြေထောက်ကိုသူ အသာပုတ်လိုက်ကာ Fu Xia ဘက် လှည့်ပြောလိုက်သည်။

"အိုင်းယား။ ဘယ်လိုလုပ်မလဲ။ သူ့ဖုန်းနံပါတ်ကို မှတ်ဖို့ မေ့သွားတယ်။ သူ့ကို ဆက်သွယ်လို့မရဘူး"

Transmigrated into a School Idol and Forced to Do Business Where stories live. Discover now