Chapter 27

8.1K 1.6K 71
                                    


(Unicode)

Yu Baizhou ရဲ့ သူ့ပါးစပ်ထဲက ဘီစကစ်ကို တကျွတ်ကျွတ် ဝါးသံနဲ့အတူ Yu Chen ရဲ့ လက်ထဲက ဘီစကစ်က တစ်စစီ ကြေမွသွားတာကို မြင်လိုက်ရသည်။

သေတော့။ တကယ်သွားပြီဘဲ။ သောက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး…

သူပြောပြောပြီးချင်း နောင်တရသွားသည်။

သူ့လက်ထဲက ဘီစကစ်ကို ချလိုက်ပြီး ဆိုဖာပေါ်ကနေ ခပ်ဖြည်းဖြည်း ထလိုက်သည်။

"တော်တော်တောင်နောက်ကျနေပြီ။ ကျွန်တော် အရင်အိပ်တော့မယ်"

Yu Chen ရဲ့ တည်ကြည်တဲ့ အသံက ထွက်လာတယ်။
"ပြန်လာခဲ့!"

Yu Baizhou ခုလေးတင် တိုးလိုက်တဲ့ ခြေတစ်လှမ်းကို နောက်ပြန်ဆုတ်လိုက်ပြီး ဆိုဖာပေါ် ပြန်ထိုင်လိုက်ရသည်။

Yu Chen က သူ့ကို ကြည့်လိုက်သည်။
"သူက မင်းတို့အတန်းမှာ ပထမ မဟုတ်လား။ ပထမရတဲ့တစ်ယောက်က မင်းကို ဘာလို့ သောက်ဖို့ခေါ်တာလဲ"

အဖေနှစ်ယောက်လုံးက မူရင်းပိုင်ရှင်ရဲ့ အရက်သောက်နိုင်စွမ်းကို သိကြပြီး မူလပိုင်ရှင်ကိုယ်တိုင်လည်း ကောင်းကောင်းသိသည်။ ထို့ကြောင့် မူလပိုင်ရှင်ကလည်း ဝိုင်ကို မသောက်ဘဲ ရှောင်ဖြစ်သည်က များသည်။ သူသောက်ဖြစ်လျှင်ပင် တစ်ခါတစ်ရံ တို့ထိရုံမျှသာ ဖြစ်ပြီး ထိုသောက်ဖြစ်သည့် အခါများတွင်လည်း Yu Chen နှင့် Fu Xia မသိအောင် ခိုးသောက်ရသည်။

ထို့ကြောင့် အဖေနှစ်ယောက်အမြင်တွင် သူတို့သားဖြစ်သူက ကျောင်းတွင် ပြဿ      နာကြီးရှာလျှင်ပင် အရက်သောက်ရဲမည်မဟုတ်မှန်း သေချာသိကြသည်။

သူနောက်ဆုံးအကြိမ်သောက်ခဲ့သည်နှင့် ပတ်သက်ပြီး Yu Baizhou က Yu Chen ကို သူ့ဘာသာသောက်ချင်၍ တောင်းဆိုခဲ့ကြောင်း သေချာရှင်းပြခဲ့သော်လည်း Yu Chen က သူ့ကို He Yan က သောက်ရန် ခေါ်ခဲ့သည်ဟုသာ ယုံကြည်ကာ He Yan ကိို စကားပြောရန် ခေါ်ခိုင်းခဲ့သည်။

ရုတ်တရက် Yu Baizhou က He Yan ကို အားနာသလို ခံစားရသည်။

Yu Baizhou ခဏလောက် စဉ်းစားလိုက်ပြီး မတ်မတ်ထိုင်ကာ လေးလေးနက်နက် ပြောလိုက်သည်။
"အဖေ။ ကျွန်တော် သေချာစဉ်းစားကြည့်ပြီးပြီ။ ဂိုက်တစ်ယောက်ရှာတာ ပိုကောင်းမယ်ထင်တယ်။ အတွေ့အကြုံရှိတဲ့ ပရော်ဖက်ဆာက ကျောင်းသားတစ်ယောက်ထက်တော့ ပိုကောင်းမှာဘဲ"

Transmigrated into a School Idol and Forced to Do Business Where stories live. Discover now