Chapter 16

8.1K 1.6K 73
                                    


('Unicode)

အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးနေသလို ထင်ရသည်။

He Yan ရဲ့ မေးခွန်းထုတ်ဟန် အကြည့်ကို ရင်ဆိုင်ရင်း Yu Baizhou အပြစ်ရှိသလိုခံစားရသည်။ သူဒီကို ယခုလာရသည့်အကြောင်းကို ရှင်းပြဖို့ နည်းလမ်းများ စဉ်းစားရသည်။

Yu Baizhou ဘာပြောရမှန်းမသိဘဲ တွန့်ဆုတ်နေစဉ် အနောက်က ဆဲဆိုသံတိုးတိုး ထွက်လာသည်။ သူ့အလိုလိုသိစိတ်က ထိုလူသည် He Rou ကို အန္တရာယ်ပေးမည့် လုပ်ကြံသူဖြစ်ကြောင်း အသိပေးသည်။

ခေါင်းကို အနောက်သို့ အမြန်လှည့်လိုက်သောအခါ လက်နှစ်ဖက်ကို အိတ်ကပ်ထဲ တည့်ထားပြီး ဦးထုပ်ဝတ်ထားသည့် လူတစ်ယောက်ကို တွေ့ရသည်။ ထိုမသင်္ကာစရာလူက သူ့ကို ဖြတ်သွားဘူးသည့် သူပင်။

သူဖြစ်နိုင်သည်။

နောင်အရှုပ်အရှင်းမဖြစ်လာစေရန် အရင် သံသယရှိသူများကို ဖမ်းထားရမည်။

Yu Baizhou မျက်မှောင်ကုတ်လိုက်သည်။ သို့သော် သူမလှုပ်ရသေးခင်တွင် သန်မာတဲ့ လက်တစ်ဖက်က သူ့ပခုံးတွေကို ဖိလာသည်။ သူ့ခေါင်းကို လှည့်လိုက်တော့ He Yan ရဲ့မျက်နှာထားက မူလနှင့် တော်တော်ကွာခြားသည်။

_လေးနက်ပြီး ရက်စက်ဖွယ်ကောင်းသည်။

ရုတ်တရက် Yu Baizhou အသက်ရှူသံမမှန်တော့သလို ဖြစ်လာရသည်။

"ဒီမှာစောင့်နေ"

He Yan အသံက သူ့နားကို ဖြတ်သွားပြီး သူကတော့ ထိုလူနောက်လိုက်သွားသည်။

စက္ကန့်အနည်းငယ်အကြာမှ Yu Baizhou သေချာအသက်ရှူနိုင်တော့သည်။

He Yan မျက်နှာပေါ်က သူမြင်လိုက်ရတဲ့ မျက်နှာထားကို ပြန်စဉ်းစားမိသည်။

...သူအံ့သြနေတာလား?

Yu Baizhou သူ့အတွေးတွေကို ရှင်းထုတ်လိုက်ပြီး လက်ကောက်ဝတ်က နာရီကို ကြည့်လိုက်သည်။
"အခု ရောက်သင့်နေပြီ"

တစ်ယောက်ယောက်က လိုက်လာသည်ကို သိသွားတဲ့ ထိုသံသယဖြစ်ဖွယ်လူက ဆေးရုံလှေကားဘက် ပြေးထွက်သွားသည်။ ထိုနေရာတွင် အလင်းရောင်မရှိဘဲ အရေးပေါ်ထွက်ပေါက်မှ အစိမ်းရောင်အလင်းမှိန်မှိန်သာ ရှိသည်။ သူ့အိတ်ကပ်ထဲက ပစ္စည်းကို တင်တင်းဆုပ်လိုက်ပြီး တစ်ခုခုကို တိုက်မိပြီး ကျကွဲမှာကို ကြောက်မိသည်။

Transmigrated into a School Idol and Forced to Do Business Where stories live. Discover now