Chapter 35

7.7K 1.4K 31
                                    

(Unicode)

Yu Baizhou အနာက်လှည့်လိုက်သည့်အခါ သူ့နောက်တွင် Li Bei ကို တွေ့ရသည်။

ခေါင်းကို အောက်ငုံ့လိုက်ရင်း ပြုံးကာ ပြန်ဖြေလိုက်သည်။
"ငါ ဒီကို ဘာလာလုပ်တာလဲ မေ့သွားလို့"

Li Bei က ပေါ့ပေါ့ပါးပါး ရယ်လိုက်သည်။
"မင်းက အမြဲ မေ့နေတာဘဲ"

Yu Baizhou နှုတ်ခမ်းတွေ တွန့်ချိုးသွားပြီး အတန်းထဲ ဝင်သွားသည်။

အတန်းထဲက ကောင်မလေးတစ်ချို့ရဲ့ မျက်လုံးက Yu Baizhou ဆီ ရောက်သွားပြီး အချင်းချင်း မျက်စပစ်နေသည်။ အခုလေးတင် ပြောလိုက်တဲ့ စကားတွေကို Yu Baizhou ကြားသွားမည် စိုးရိမ်နေကြဟန် ရှိသည်။

ကန်တင်းက Yi Tian နှင့် He Yan ၏ ရန်ပွဲအပြီးတွင် Yu Baizhou ၏ သဘောထားကို သိခဲ့ရသည်။ သူက He Yan ကို မျက်စိစပါးမွေးစူးသလို ပြုမူူတတ်တဲ့ အရင် Yu Baizhou မဟုတ်တော့ပေ။ သူက He Yan ကို ညီအစ်ကိုဟုပင် ခံယူထားပြီးပြီ။

ရည်းစားစာနှင့် ပတ်သက်သည့် ကိစ္စတစ်ခုလုံးကို မပြောခဲ့မိသော်လည်း Yu Baizhou က နောက်ကွယ်တွင် သူ့ညီအစ်ကိုအကြောင်း ပြောနေသည်ကို ကြားမိသွားနိုင်သည့် အခွင့်အရေးရှိသည်။ ထို့ကြောင့် စိုးရိမ်နေကြခြင်းက သဘာဝကျသည်။

သို့သော်လည်း သူတို့ထင်နေသလို မေးခွန်း မမေးလာခဲ့ပေ။ Yu Baizhou က ဝင်ဝင်လာချင်း သူ့ခုံဆီသို့သာ တိုက်ရိုက်ပြန်သွားသည်။

ထိုအချိ်န်တွင် အတန်းထဲ၌ မူလရှိနေကြသည့် ကောင်မလေးသုံးယောက်ကို ဖယ်လျှင် Yu Baizhou တစ်ယောက်သာ ရှိသည်။

ဘယ်သူမှ မတွေ့သောကြောင့် Li Bei လည်း သူ့နောက်လိုက်လာသည်။ Yu Baizhou ကြည့်လိုက်တော့ Li Bei က ပြောလာသည်။

"ငါ မင်းကို စောင့်နေမယ်။ ငါတို့ အတူပြန်သွားလို့ ရတာဘဲ"

သူပြန်စဉ်းစားလိုက်ပြီး မေးလိုက်သည်။
"မင်း ဒီကို ဘာလုပ်ဖို့ လာတာလဲ မှတ်မိပြီလား"

Yu Baizhou ခေါင်းညိတ်လိုက်ပြီး ပြုံးရယ်လိုက်ကာ ခုံထဲက အားသွင်းကြိုးကို ထုတ်ရင်း မြှောက်ပြလိုက်သည်။
"ဖုန်းအားသွင်းမလို့"

အတန်းထဲတွင် ပစ္စည်းကိရိယာများအတွက် ပလက်များကလွဲပြီး ပလက်ပေါက်နှစ်ခုအလွတ်သာ ရှိသည်။ တစ်ခုက စင်အရှေ့တွင် ဖြစ်ပြီး နောက်တစ်ခုက အနောက်တံခါးနားတွင် ဖြစ်သည်။

Transmigrated into a School Idol and Forced to Do Business Where stories live. Discover now