Chapter 15

8.6K 1.5K 25
                                    


(Unicode)

Yu Baizhou အိမ်ပြန်ရောက်တော့ လမ်းမီးအောက်က အချိန်ကို ပြန်စဉ်းစားမိသည်။ သူ့မျက်နှာက အနည်းငယ် နီမြန်းသွားရသည်။ သူယခင်က သတိမထားမိခဲ့သော်လည်း ယခုပြန်တွေးကြည့်သောအခါတွင် ထိုကဲ့သို့ အနေအထားက ဒွိဟဖြစ်စရာကောင်းသည်။

နှစ်ယောက်သား နီးကပ်လွန်းနေပြီး စကားပြောသည့်အခါတွင် တစ်ယောက်အသက်ရှူသံကိုပင် တစ်ယောက်က ခံစားမိသည်။

ခဏနေမှ သူ့မျက်နှာကို စောင်ထဲက ထုတ်လိုက်သည်။

မဟုတ်ဘူး။ ဘာမှမရေမရာဖြစ်စရာမရှိဘူး။ ထိုလောက်နီးကပ်နေသည်က တစ်ဖက်လူ၏ ခံစားချက်ကို ပိုမိုသိရှိစေရန် ဖြစ်ပြီး ထိုလူက စိတ်ရင်းမှန်သည် မမမှန်သည်ကို သေချာမြင်နိုင်ရန်သာ ဖြစ်သည်။ ထိုအရာက လုံးဝပုံမှန်ပင်။ He Yan က သူ့ကို မယုံကြည်၍ သေချာစောင့်ကြည့်ရန် အနီးကပ်လာခြင်းသာ ဖြစ်သည်။ He Yan က သူ့ကို မယုံမကြည်ဖြစ်မည်စိုးသောကြောင့် စကားပြောသောအခါ မျက်လုံးချင်းဆိုင် စကားပြောခြင်းပင်။

ထို့အပြင် အဖြောင့်ယောင်္ကျားနှစ်ယောက်က မရေမရာဖြစ်စရာအကြောင်း မရှိပေ။

Yu Baizhou က သူ့ကိိုယ်သူ စကားရှာမရအောင် ဖြစ်သွားရသည်။ သူ့ယခင်အမြင်က ပုံမှန်ပင်။ ယခုထိုသို့ဖြစ်ခြင်းက အဖေနှစ်ယောက်ကြောင့် ဖြစ်မည်ထင်သည်။

ထို့နောက်တွင် Fu Xia သူ့ကို ပေးထားသည့် ရောင်စုံ သကြားလုံးထုပ်ကို ထုတ်ကာ ကျောင်းလွယ်အိတ်၏ ဘေးအိတ်ကပ်တွင်ထည့်ပြီး အိပ်ယာပေါ် ပြန်တက်လိုက်သည်။ အိပ်ယာခေါင်းရင်းနားရှိ မီးအိမ်ကို ပိတ်ပြီး မျက်လုံးမှိတ်ကာ အိပ်ပျော်သွားတော့သည်။

နောက်နေ့တွင် Yu Baizhou က ကျောင်းစောစောရောက်သည်။ He Yan ခုံက လွတ်နေသည်။ မနက်ခင်းတန်းပြီးသောအခါ He Yan ခုံက လွတ်နေဆဲပင်။ သူ တကယ် ကျောင်းသို့မလာပေ။
Yu Baizhou လက်တစ်ဖက်တွင် ဖတ်စာအုပ်ကို ကိုင်ရင်း တစ်ဖက်တွင် ခုံစောင်းကို ကိုင်ကာ နောက်နားရှိ ခုံအလွတ်ကို ကြည့်လိုက်သည်။ သူအချိန်အတော်ကြာ He Yan ကို အမြဲ စောင့်ကြည့်နေခြင်းကြောင့်ဖြစ်မည်ထင် ယနေ့ He Yan ကို ရုတ်တရက် မတွေ့ရခြင်းက နေသားမကျသကဲ့သို့ ခံစားရသည်။

Transmigrated into a School Idol and Forced to Do Business Where stories live. Discover now