Chapter 45

7.7K 1.2K 33
                                    


(Unicode)

သူတို့နှစ်ယောက် ပိုနီးလေလေ၊ သူတို့နှစ်ယောက်ရဲ့ အသက်ရှုသံတွေက ရောယှက်လာလေလေပင်။

Yu Baizhou ဟာ တစ်ခါမှ မချစ်ဖူးသလို ဘယ်သူ့ကိုမှလည်း မနမ်းဖူးပါပေ။ အနမ်းခံရတဲ့ အတွေ့အကြုံ က He Yan ဆီက အတွေ့အကြုံ နှစ်ခုပဲ ရှိပေမယ့် အဲဒါတွေက ပါးပြင်နဲ့ မျက်လုံးတွေဘဲ ရှိသေးတယ်။ နှုတ်ခမ်းဖြင့်နမ်းခြင်းရဲ့ အဓိပ္ပါယ်နောက်ကွယ်က နက်နဲမှုကို နှိုင်းယှဉ်လို့မရနိုင်သောကြောင့် သူစိတ်မလှုပ်ရှားနိုင်ဘဲ မျက်လုံးတွေကို တင်းတင်းမှိတ်ထားလိုက်တယ်။

He Yan သည် Yu Baizhou ၏ ကျုံုံ့နေတဲ့မျက်နှာကို စိုက်ကြည့်နေသည်။ သူ့နှုတ်ခမ်းလေးတွေက ပွစိပွစိပွစိပွစိနဲ့ ချစ်စရာအတော်ကောင်းနေသည်။ သူ့မျက်လုံးများကို သူ့ရှေ့ရှိ နူးညံ့နေသည့်နှုတ်ခမ်းဆီ အကြည့်ရွှေ့လိုက်ပြီး သူ့မျက်လုံးများက ပို၍ပင် နက်ရှိုင်းလာသည်။

တစ်ကိုက်တည်းနဲ့ စားချင်လိုက်တာ။

He Yan ၏ နှုတ်ခမ်းများ အနည်းငယ် ပွင့်ဟသွားသည်။

ကောင်လေးနှစ်ယောက်ရဲ့ နှုတ်ခမ်းတွေကို မထိလိုက်အချိန်လေးမှာပဲ ringtone သံမြည်သံကြောင့် တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်က ရုတ်တရက် အနှောက်ယှက်ခံလိုက်ရသည်။

ထိုအသံက Yu Baizhou ရဲ့ အိတ်ကပ်ထဲက ထွက်လာခြင်းဖြစ်သည်။

နှစ်ယောက်စလုံး လန့်သွားရသည်။

Yu Baizhou သည် သူ့ဘေးနားကသူထက်ပင် ပိုထိတ်လန့်နေပြီး မသိစိတ်က မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ သူ့ရှေ့တွင် He Yan ၏ မျက်နှာကို zoom ချဲ့ထားသည့် မြင်ကွင်းကို တွေ့လိုက်ရသည်။ သူ့ရင်ဘတ်ထဲက နှလုံးသားလေးက လေထဲမှာ ရုတ်တရက် မြင့်တက်လာပြီး ရုတ်တရက် ထိုအရှိန်နဲ့ဘဲ မြေပြင်ကို ကျသွားပုံရတယ်။ သူဘာတွေတွေးနေမှန်းမသိပေမယ့် ဖုန်းကိုယူလိုသော He Yan ၏အကြည့်ကို ရှောင်လိုက်သည်။

ဒါပေမယ့် He Yan က သူ့ကို ဘယ်လို အခွင့်အရေး ပေးနိုင်မှာလဲ ။ အိတ်ကပ်ထဲသို့ မြွေကိုက်တော့မည့် လက်ကို သူ ဖိချလိုက်သည် ။
"သူ့ကိုလျစ်လျူရှုထားလိုက်"

Transmigrated into a School Idol and Forced to Do Business Where stories live. Discover now