Chapter 18

8.3K 1.6K 90
                                    


(Unicode)

Yu Baizhou က He Yan ပို့လိုက်တဲ့ "ကောင်းကောင်းအိပ်"ဆိုတာ ကြည့်ပြီး ခဏလောက်ကြောင်အသွားသည်။

He Yan က သူ့ကို ကောင်းကောင်းအိပ်လို့ ပြောတယ်။

He Yan က သူ့ကိုစပြီး ကောင်းကောင်းအိပ်လို့ ပြောတယ်!

အိပ်ခန်းတံခါးနားအနောက်က Yu Chen အသံက ထွက်လာသည်။ "မီးတွေပိတ်ပြီး မြန်မြန်အိပ်တော့"

Yu Baizhou အိပ်ရာဘေးကမီးကို ပိတ်လိုက်ပြီး အိပ်ရာပေါ်တက်ရင်း ဖုန်းကို ဖက်ထားလိုက်သည်။

He Yan သူ့ကို ပို့လိုက်တဲ့ ကောင်းကောင်းအိပ်ဆိုတာ ပြန်စဉ်းစားမိသည်။ အားးး ဒါက မှတ်တိုင်တစ်ခုလို့ ယူဆလို့ရတာဘဲ။ စိတ်အခြေအနေအတော်ကောင်းနေတာကြောင့် သူ့သူငယ်ချင်းတွေကို ပို့စ်တင်လိုက်သည်။
"အရမ်းပျော်နေတယ်။ ငါ အနည်းဆုံး နှစ်သုံးဆယ်လောက် နေနိုင်မယ်ထင်တယ်"

တင်ထားတဲ့ပုံက ကောင်းကောင်းအိပ် ဆိုတဲ့ပုံပင်။

တစ်ဖက်တွင် He Yan က နိုးနေသေးသည်။ ထိုပို့စ်ကို မြင်တော့ ရီချင်တာမထိန်းနိုင်ဘဲ တိုးတိုးရီမိသွားသည်။

"ကောင်းကောင်းအိပ်" လို့ဘဲ ပြောတာကို ဒီလိုခပ်သေးသေးချိုသာမှုလေးက သူ့ကို ပျော်စေတာလား။

သူ့နောက်မှာ Pan Yi က ရုတ်တရက် သူ့ကျောကို ဖက်ပြီး ပြောသည်။
"Ge က တော်တော်ချောတာဘဲ"

He Yan မျက်နှာပေါ်က အပြုံးက ပျောက်ကွယ်သွားသည်။ ရွံရှာနေတဲ့ မျက်နှာနဲ့ Pan Yi လက်တွေကို အဝေးကို ရိုက်ထုတ်လိုက်ပြီး တစ်ဖက်ကို တွန်းထုတ်လိုက်သည်။

Pan Yi က မျက်နှာကို ဆိုဖာထဲ မြှပ်ရင်း လှိမ့်လိုက်သည်။ အိမ်မက်ထဲမှာ နည်းနည်းအသက်ရှူရကျပ်သလို ခံစားရသည်။

နောက်နေ့မနက်မှာ Yu Baizhou က မနက်စောစော နိုးလာသည်။ နောက်ဆုံးကျန်တာ ပြင်ဆင်သွားပြီးတော့ မိသားစုလိုက် Yunhe Bay မှာရှိတဲ့ မြင်းစီီးကွင်းဆီ ထွက်ခွာကြတော့သည်။

ပထမက Yu Baizhou ကို ငါးသွားဖမ်းဖို့သာ ပြောထားပြီး မြင်းစီးကြမယ့် အစီအစဉ်ရှိတာကို မသိပေ။ မြင်းစီးကွင်းကို ကြည့်မိတော့ သူ့တစ်ကိုယ်လုံးက အံ့အားသင့်စွာ လန့်ဖျတ်သွားသည်။

Transmigrated into a School Idol and Forced to Do Business Where stories live. Discover now