Chapter 30

8.6K 1.5K 18
                                    


(Unicode)

Yu Baizhou စကားပြောရပ်သွားပြီး အကုန်လုံးကလည်း တိတ်ဆိတ်ကုန်သည်။

He Yan တင်မကဘဲ အတန်းထဲက ကျောင်းသားအကုန်လုံးက သူ့ကို လှည့်ကြည့်ကုန်ကြသည်။

ထိုအချိန်မှ Yu Baizhou လည်း သူ့စကားက လူတွေအာရုံကို ဖမ်းစားလိုက်မှန်း သဘောပေါက်သွားသည်။

အတန်းတွေအပြီးမှာ Meng Shifei က သူ့ကို မေးစရာတွေရှိတာကြောင့် ရုံးခန်းကို ခေါ်လာသည်။

Meng Shifei က ခဏတွန့်ဆုတ်နေပြီမှ စကားစလာသည်။
"He Yan နဲ့ ပြဿ      နာတစ်ခုခုရှိလို့လား။ ဒါမှမဟုတ်…"

Meng Shifei က မကြာသေးမီက He Yan နှင့် Yu Baizhou အကြား ကိိစ္စအချို့ကို ကြားသိခဲ့ရသည်။ အခြားဆရာ/မများ၏ Yu Baizhou အပေါ် အကဲခတ်မှုသကဲ့သို့ ကြားသိရသမျှက အမှန်မဟုတ်နိုင်၍ သူမကိုယ်တိုင်က ထိုအကုန်လုံးကို မယုံကြည်သော်လည်း ထိုကောလဟလများကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုသေးသည်။

Meng Shifei က သူ့သဘောထားကို အထင်လွဲမည်ကို စိုးရိမ်သောကြောင့် Yu Baizhou ပြာပြာသလဲ ရှင်းပြလိုက်သည်။
"ဆရာမ Meng ထင်နေသလို မဟုတ်ပါဘူး"

Meng Shifei က ကြင်နာစွာ မေးမြန်းလာသည်။
"ဒါဆို အကြောင်းရင်းကို ဘာလို့ မပြောတာလဲ"

Yu Baizhou ကန့်ကွက်မှုက He Yan နှင့်ပတ်သက်နေသည်။ Yi Haixing က ဘယ်သူမလို့လဲ။ Yi Haixing က He Yan ၏ သွေးသားတော်စပ်သည့် ဖခင်ပင်။ He Yan က ထိုအကြောင်းကို မသိဘဲ ကိုယ်စားပြုကျောင်းသားအဖြစ် ရွေးခံလိုက်ရလျှင် ကိစ္စမရှိ။ သို့သော် He Yan သာ Yi Haixing က သူ့အဖေဖြစ်နေကြောင်းကို သိပြီးဖြစ်လျှင်…

မူလဇာတ်ကြောင်းက ပြင်ပအကြောင်းအရာများကြောင့် မပြောင်းလဲလျှင် မူလဇာတ်ကြောင်းအရ He Rou သာ နာမကျန်းဖြစ်စဉ် သေဆုံးခဲ့ပါက He Rou ၏ ပစ္စည်းများကို ရှင်းလင်းနေစဉ် ဘီရိုထဲတွင် မိခင်ဖြစ်သူ ဝှက်ထားသည့် ဒိုင်ယာရီကို မတော်တဆ တွေ့သွားခဲ့မည်ဖြစ်သည်။ ထို့နောက် ဖခင်ဖြစ်သူ၏ လျှို့ဝှက်ချက်များကို တွေ့ရှိသွားပြီး သူ၏ ဖခင်ရင်းက အေမြို့တော်ရှိ အချမ်းသာဆုံးလူ Yi Haixing ဖြစ်ကြောင်း သိသွားမည်ဖြစ်သည်။

Transmigrated into a School Idol and Forced to Do Business Where stories live. Discover now