Chapter 53

6.9K 1.2K 21
                                    

(Unicode)

He Yan ၏ အပြုအမူက Yu Baizhou ၏ မျက်နှာကို ရှက်ရွံ့မှုဖြင့် လွှမ်းမိုးသွားစေသည်။

ကံကောင်းထောက်မစွာဖြင့်၊ ကားထဲမှာ မီးမဖွင့်ထားတာကြောင့် He Yan ကတော့ မမြင်နိုင်ခဲ့ပေ။

He Yan က သူ့ခေါင်းကို သူ့လက်နှစ်ဖက်ဖြင့် ညင်သာစွာ ဖိထားပြီး လက်တစ်ဖက်က သူ့ခါးကို ဖက်ထားကာ ကျန်တစ်ဖက်က သူ့ခေါင်းကို ကိုင်ထားသည်။

Yu Baizhou သည် He Yan ၏ ရင်ဘတ်ကို မှီနေရ၍ He Yan ၏ တည်ငြိမ်ပြီး ပြင်းထန်သော နှလုံးခုန်သံကို ကြားနေရသည်။ He Yan က အပေါ်အင်္ကျီကြယ်သီးများကို ဖြုတ်ထားသောကြောင့် သူ့ခန္ဓာကိုယ်ပေါ်ရှိ အပူချိန်သည် ဆွယ်တာအင်္ကျီမှတဆင့် ပါးပြင်ပေါ်သို့ ကူးစက်လာသည်။ သူက He Yan ၏ခါးကို သိုင်းဖက်လိုက်သည်။ ဤအမူအရာကြောင့် တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ထားခြင်းဖြင့် သူ့စိတ်ကို အေးချမ်းစေကြောင်း ဝန်ခံရမည်။

Fu Xia ပြောသည့်အတိုင်း၊ သူ့တစ်ကိုယ်လုံးကို He Yan က ကာကွယ်နေသလို ခံစားရသည်။

ခဏအကြာတွင်၊ He Yan က သူ့ခေါင်းကို မော့လိုက်ပြီး နှစ်ယောက်သား အပြင်ဘက်မှ ကျရောက်လာသော လရောင်ကြောင့် တစ်ယောက်ကိုတစ်ယောက် မြင်နိုင်ခဲ့သည်။

He Yan ၏လက်က သူ့ပါးပြင်ကို ထိလာသည်။ "ငါ မင်းကိုကြိုက်တယ်။"

He Yan ရဲ့ ဂရုစိုက်မှု ကြောင့်ဖြစ်နိုင်သလို ဒီလို "ကြိုက်တယ်" လို့ပြောလိုက်တာကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် Yu Baizhou ခန္ဓာကိုယ်တစ်လျှောက်လုံး ကြက်သီးထလာတာကို ခံစားလိုက်ရသည်။

သူက "အင်း" လို့ ပြန်ပြောလိုက်သည်။

He Yan ၏လက်သည် သူ့ပါးပြင်တစ်လျှောက် ထိတွေ့သွားကာ မျက်ခုံး၊ နဖူး၊ မျက်လုံးများ၊ နှာတံဖျားတို့ကို ပွတ်သပ်ကာ ထို့နောက် သူ့နှုတ်ခမ်းများဆီ ရောက်ရှိလာသည်။

Yu Baizhou ၏နှုတ်ခမ်းများက ခပ်ဖြည်းဖြည်း လှုပ်ခတ်သွားပြီး He Yan က သူ့လက်ချောင်းထိပ်များကို ပိုမိုဖိအားပေးလာသည်။ He Yan က နှုတ်ခမ်းအရေပြားတစ်လျှောက်ကို ပွတ်သပ်လိုက်သောအခါတွင် ပြင်းထန်စွာ ထုံကျင်လာသည်။

Transmigrated into a School Idol and Forced to Do Business Where stories live. Discover now