Chapter 26

8.2K 1.6K 54
                                    


(Unicode)

လေညင်းသဲ့သဲ့က သူတို့ကို တိုက်ခတ်သွားပြီး မြေပြင်ပေါ်က သစ်ရွက်တစ်ချို့က လှုပ်ရှားသွားသည်။ တစ်ရွက်က Yu Baizhou လက်ပေါ် တင်လာပြီး ဘေးဘက်ကို ရွေ့သွားကာ ကြွေကျလာတဲ့ သစ်ရွက်လေးက သူ့လက်ချောင်းထိပ်မှာ ရပ်သွားသည်။

Yu Baizhou သူ့လက်ချောင်းကို နည်းနည်းကွေးလိုက်သည်။ သူ့ရှေ့က He Yan ကို ကြည့်ရင်း သူ့မျက်တောင်ရှည်တွေက မဝေခွဲနိုင်တဲ့ ပုံနဲ့ တဖျတ်ဖျတ် ခတ်နေသည်။

သက်သေပြရမယ်? ဒါပေမယ့်...ငါက သက်သေပြဖို့ လိုသေးလို့လား?

ထိုညက ညစာစားအပြီးတွင် သူနှင့် He Yan က ဝရန်တာကို လေညင်းခံဖို့ ထွက်ခဲ့ကြသည်။ He Yan က သူ့ဘာသာ သောက်ဖို့အတွက် ဘီယာဘူးဖွင့်လိုက်ပေမယ့် အရက်သောက်နိုင်စွမ်းမရှိတာကြောင့်လားမသိ သူက Yu Baizhou ကို နို့တစ်ပုလင်းဘဲ ပေးခဲ့တယ်။ သူက နို့သောက်ရတာ ကြိုက်ပေမယ့် အဲ့အချိန်တုန်းက ဘီယာအရသာကို မြည်းစမ်းကြည့်ချင်တာကြောင့် He Yan ကို သောက်ခွင့်ပေးဖို့ တောင်းဆိုခဲ့တယ်။ ဒါပေမယ့် သူတစ်ငုံသောက်လိုက်တော့ စိတ်ပျက်သွားခဲ့တယ်။ ဘီယာတစ်ငုံသောက်ရတာက အနံ့မကောင်းတဲ့ လေကို ရှူ ရတာနဲ့ တူတယ်။ သောက်ပြီးသွားတော့ ကျန်နေခဲ့တဲ့ အရသာက ငရုတ်သီးခြောက် စားရတဲ့ အရသာနှင့် တူသည်။

အဲဒါပြီးတော့ He Yan က စတော်ဘယ်ရီသကြားလုံးကို ဘီယာဘူးထဲ ထည့်လိုက်တယ်။ သိချင်စိတ်နဲ့ သူတစ်ငုံထပ်သောက်လိုက်တယ်။ မမျှော်လင့်ဘဲ ဒီတစ်ခေါက်မှာတော့ ခပ်ချိုချို အရသာကို ရသည်။ မူလဘီယာနံ့နဲ့ စတော်ဘယ်ရီ အနံ့အရသာ ပေါင်းသွားပြီး သောက်ချင်စရာဖြစ်သွားသည်။ ထိုနေ့ညက လေညင်းအေးအေးနဲ့ လိုက်ဖက်နေတာကြောင့် သူမထိန်းနိုင်ဘဲ နောက်ထပ် နည်းနည်းထပ်သောက်လိုက်မိပြီး နောက်ဆုံး သူ့မှတ်ဉာဏ်တွေက ပျောက်ဆုံးသွားတော့သည်။

ကံကောင်းစွာနဲ့ သူ့မှတ်ဉာဏ်အချို့ကို ပြန်စဉ်းစားလို့ ရပြီး အကုန်လုံးမမှတ်မိပေမယ့် ထိုညက ဘာတွေဖြစ်ခဲ့လဲဆိုတာကို အကြမ်းဖျင်းသိဖို့ လုံလောက်တဲ့ အချက်အလက်တွေ ရခဲ့သည်။

ဥပမာ "မင်းစိတ်ကူးထဲမှာ ငါတို့ကို ဘယ်လိုစဉ်းစားလဲ" ပြီးတော့ "ဒီနေ့ကစပြီး ငါတို့ရဲ့ ပထမဆုံးနေ့ဘဲ" ဆိုတဲ့ စကားနှစ်ခွန်းမပြောခင် He Yan က သူ့အပေါ် အမြင်ကို မေးလာခဲ့သည်။

Transmigrated into a School Idol and Forced to Do Business Where stories live. Discover now