Chapter 22

8.5K 1.6K 119
                                    


(Unicode)

Yu Baizhou မျက်လုံးတွေက လခြမ်းပမာ ကွေးညွတ်သွားကာ He Yan ကို ကျေးဇူးတင်လိုက်သည်။

Yu Baizhou အသံကို ကြားမှ He Yan စိတ်က လက်တွေ့ဘဝသို့ ပြန်ရောက်လာသည်။

ထိုအချိန်တွင် Pan Yi ကလည်း ဤနေရာသို့ လမ်းလျှောက်လာသည်။ မဟုတ်သေးပေ။ သူဒီနေရာကို ရှာတွေ့သွားသည် ပြောလျှင် ပိုမှန်လိမ့်မည်။

သူတို့ ခုလေးတင် ပွဲကြည့်ကြတုန်းက Yan Ge က သူတို့ဘေးရပ်နေသည်။ ပွဲပြီးသွားသည့်အခါ သူ့ဘေးက လူက ဘယ်လိုပျောက်သွားသည်မှန်းမသိ။ ကံကောင်းစွာဖြင့် He Yan က အရပ်ရှည်ပြီး လွယ်လွယ်ကူကူ မှတ်မိနိုင်သော မျက်နှာမျိုးရှိခြင်းကြောင့် ထိုသူကို သိပ်မရှာလိုက်ရပေ။

He Yan ကို Yu Baizhou ဆီ လာရှာရန်တော့ မမျှော်လင့်ထားခဲ့ခြင်း ဖြစ်သည်။ Yu Baizhou ခေါင်းပေါ်က ဦးထုပ်ကို မြင်ပြီး သူ့စိတ်ထဲ ဆဲရေးတိုင်းထွာမိသွားသည်။

He Yan က အမြဲ သူ့ကိုယ်ပိုင်ပစ္စည်းတွေကို အခြားသူများ ထိကိုင်ခြင်းကို မုန်းခဲ့သည်။ ဒီနေ့ လေက ဘယ်လိုတွေတိုက်နေတာလဲ။* သူ့ဦးထုပ်ကို Yu Baizhou ကို ငှားထားတယ်?

(T/N - ဘာတွေဖြစ်နေတာလဲ ဆိုတဲ့ အဓိပ္ပါယ်ပါဘဲ)

နေပါဦး။ နေပါဦး။ Yu Baizhou က သူ့ကို အနိုင်ကျင့်လို့လား။

ဒါပေမယ့် ချက်ချင်းဘဲ Pan Yi က အဲ့အတွေးကို ဖျောက်ပစ်လိုက်တယ်။ ဘယ်လိုဟာသလဲ။ အခုလက်ရှိ He Yan က အရင်လိုမှ မဟုတ်တော့တာ။

He Yan ရဲ့ ကြောက်စရာကောင်းတဲ့ အချက်က အခြားသူတွေက သူ့ကို လှုပ်ရှားအောင် မလုပ်နိုင်ဘဲ သူကသာ သူတစ်ပါးကို ထိန်းချုပ်နိုင်သည်။

နေ့လည် ကန်တင်းတုန်းက အခြေအနေနဲ့ အခု ဘတ်စကတ်ဘောပွဲတုန်းက ကိစ္စတွေကြောင့် Pan Yi ရဲ့ Yu Baizhou အပေါ်အမြင်က ဒီဂရီအချို့ ပြောင်းသွားသည်။ ဒါပေမယ့် အရင်က လုပ်ခဲ့တာကို ပြန်စဉ်းစားကြည့်ရင် သူ့ကို သတိထား ဆက်ဆံရဦးမည်။

Tu Gaoming က Yu Baizhou ကွင်းထဲက မျက်နှာမကောင်းတဲ့ပုံကို ပြန်သတိရပြီး ဂရုတစိုက် မေးလိုက်သည်။
"ဘော့စ်။ ခုလေးတင် နေလို့မကောင်းဖြစ်နေတာမဟုတ်ဘူးလား။ ဘာဖြစ်လို့လဲ။ ဆေးခန်းကို သွားမလား"

Transmigrated into a School Idol and Forced to Do Business Where stories live. Discover now