Chapter 4

11.4K 1.8K 39
                                    

Note* အရင်အပိုင်းမှာ ဆွဲသီးကို နားဆွဲလို့ မှားပြန်ထားပါတယ်။ Btw thanks for 1k views

(Unicode)

He Yan သူ့ရှေ့ကလူကိုကြည့်လိုက်တဲ့အခါ အရင်ကနဲ့ မတူတဲ့ သိမ်မွေ့တဲ့ မျက်နှာအမူအရာမျိုး ရှိနေသယောင် ထင်ရသည်။

ရုတ်တရက် သူ့လက်ကို ဘေးက ဖြည်းဖြည်းချင်း ဆွဲယူခံလိုက်ရပြီး ထိုကောင်လေးရဲ့ လက်ချောင်းတွေထက် အေးနေတဲ့ သူ့လက်ထဲကို ကျောက်စိမ်းဆွဲသီးကို ထည့်ပေးလာသည်။

တည်ငြိမ်နေတဲ့ သူမျက်လုံးများက အမည်တပ်မရတဲ့ ခံစားချက်များ လှိုင်းထလာတော့သည်။

Yu Baizhou က ကျောက်စိမ်းဆွဲသီးကို ပိုင်ရှင်ဆီကို ပြန်အပ်ပြီး ပြန်တော့မလို လုပ်စဉ်မှာဘဲ သူ့လက်ချောင်းတွေက တင်းကျပ်သွားသည်ကို ခံစားရလိုက်သည်။

ပြန်လှည့်တဲ့အခါမှာ သူ့လက်သူကြွယ်မှာ ကျောက်စိမ်းဆွဲသီးက ကျနေတဲ့ အနီရောင်ကြိုးနဲ့ ငြိသွားတာကို တွေ့ရသည်။ သူ့မျက်လုံးများက တွန့်ချိုးသွားပြီး He Yan ကို ရှက်ရယ်ရယ်ပြလိုက်သည်။ အဲဒီနောက်မှ သူ့လက်သူကြွယ်က အနီရောင်ကြိုးကို ဖြုတ်ပြီး He Yan ဆီပြန်ပေးလိုက်သည်။

He Yan က Yu Baizhou သူ့လက်ထဲကို ပြန်ထည့်ပေးလိုက်တဲ့ အနီရောင်ကြိုးကို လုံးလိုက်သည်။ သူ့အညိုရောင်မျက်လုံးထဲက အမှောင်ရိပ်က ပိုမိုနက်မှောင်လာသည်။

Yu Baizhou ကပြန်လှည့်လိုက်ပြီး Tu Gaoming ကချုပ်ထားတဲ့ Sun Tianshuo ဘက်ကို ကြည့်လိုက်သည်။

Sun Tianshuo က Yu Baizhou ကို ဗလာဖြစ်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်ပြီး သွေးဆူနေတဲ့ လေသံနဲ့ မေးလိုက်သည်။

“Yu shao ဘာတွေဖြစ်နေတာလဲ”

Yu Baizhou ကသူ့လက်တွေကို အိတ်ကပ်ထဲ ထည့်လိုက်တယ်။

“ဘာမှ မဖြစ်ပါဘူး။ မင်းတို့ဘက်က အရမ်းဆူနေတော့ ငါတို့ အတန်းဖော်တွေ စားရတာ အဆင်မပြေဘူး”

Sun Tianshuo က ပြန်မပြောတာ တွေ့တဲ့အခါ Tu Gaoming က သူ့ရဲ့ပခုံးပေါ်က လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။

“မင်း သေချင်နေလို့လား။ မြန်မြန် ငါတို့ ဘော့စ်ကို တောင်းပန်လိုက်”

Transmigrated into a School Idol and Forced to Do Business Where stories live. Discover now