Chapter 44

7.5K 1.3K 57
                                    

(Zawgyi)

ပိတ်ရက်ရောက်သည့်အခါ သူတို့စီစဉ်ထားကြသည့်အတိုင်း Yu Baizhou အိမ်တွင်ဆုံကြသည်။

ပုံမှန်လို အပူချိန်က သိပ်မနိမ့်သောကြောင့် ထိုနေ့ကရာသီဥတုသာယာကာ အေးစက်နေသည့်လေကလည်း နေရောင်ခြည်နှင့်အတူ ပျောက်ကွယ်နေသည်။

Li Bei က သိပ်မဝေးသည့်နေရာမှာလာရ၍ နှစ်လသားအရွယ် နူးညံ့ကာ ချစ်စရာကောင်းသည့် Samoyed ခွေးလေးကိုပင် ခေါ်လာသေးသည်။

He Yan က Li Bei ရောက်ပြီးမကြာမီရောက်လာသည်။ Yu Baizhou ကားမော်ဒယ်များအကြောင်း စိတ်မဝင်စားသောကြောင့် ထိုကားကို သေချာသတိမထားမိပေ။ He Yan က ယနေ့ထသွားထလာပေါ့ပေါ့ပါးပါးဝတ်စုံကို ဝတ်ဆင်ထားပြီး ရိုးရိုးရှင်းရှင်းဆွယ်တာအကျီင်္ ဂျင်းနှင့် sneaker ဖိနပ်ကိုဝတ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

He Yan က Li Bei ရောက်ပြီးမကြာမီရောက်လာသည်။ Yu Baizhou ကားမော်ဒယ်များအကြောင်း စိတ်မဝင်စားသောကြောင့် ထိုကားကို သေချာသတိမထားမိပေ။ He Yan က ယနေ့ထသွားထလာပေါ့ပေါ့ပါးပါးဝတ်စုံကို ဝတ်ဆင်ထားပြီး ရိုးရိုးရှင်းရှင်းဆွယ်တာအကျီင်္ ဂျင်းနှင့် sneaker ဖိနပ်ကိုဝတ်ထားသော်လည်း ခန္ဓာကိုယ်အချိုးအစားကျနသောကြောင့် အလွန်အမင်းကြည့်ကောင်းနေသည်။

နေရောင်ထဲတွင် လိမ္မော်ရောင်ဂျက်ကတ်အကျီင်္က He Yan ၏ မူလဖြူ နေသည့်အသားအရေကို ပိုမိုဖြူ ဝင်းစေကာ ကြယ်တစ်စင်းလို ဝင်းလက်တောက်ပနေသကဲ့သို့ရှိသည်။ He Yan ဆံပင်ကအရှည်မြန်သောကြောင့် နဂိုရှေ့ဆံပင်များပြန်ရှည်လာသော်လည်း မူလပုံစံကဲ့သို့ ဆံပင်များမျက်လုံးပေါ်ကျနေခြင်းမရှိတော့၍ ထိုင်းထိုင်းမှိုင်းမှိုင်းပုံမပေါက်နေတော့ပေ။

နက်မှောင်သည့်ဆံသားထူထူက နဖူးပေါ်ကျနေကာ ဘေးနှစ်ဖက်ကိုအနည်းငယ်လျောကျနေရင်း မျက်လုံးညိုညိုတစ်စုံနှင့် ပေါင်းစပ်လိုက်သောအခါ He Yan မျက်နှာ၏ဆွဲဆောင်နိုင်မှုက အမြင့်ဆုံးတွင်ရှိနေသည်။

Yu Baizhou လည်း ဘာမှမတွေးနိုင်အောင် မကြည့်ဘဲမနေနိုင်ဖြစ်ကာ He Yan အနီးရောက်လာရင်း သူ့ကိုခေါ်လိုက်မှသာ သတိပြန်ဝင်လာသည်။
"အိုး အိုး လာလေ။ အထဲဝင်။ Li Bei ကတော့ရောက်နေပြီ။"

Transmigrated into a School Idol and Forced to Do Business Where stories live. Discover now