Chapter 40

8.1K 1.5K 26
                                    

(Unicode)

Xingyin နေရာက တော်တော်ရှာရခက်သည်။ အန်ကယ် Li က မရောက်ခင် အချိန်အတော်ကြာအောင် တည်နေရာပြသည့်အတိုင်း သွားခဲ့ရသည်။ သို့သော်လည်း ထိုနေရာက မနှစ်ကမှစ၍ ဖွင့်လှစ်ခဲ့သောကြောင့် အထဲကနေရာက အတော်ကောင်းမွန်သည်။

Yu Baizhou တို့ ရောက်လာသည့်အခါ ချက်ချင်းပင် အထဲကတစ်ယောက်က သူတို့နှစ်ယောက်ကို လာခေါ်သည်။ အခြားအတန်းဖော်များက ရောက်နေနှင့်ပြီးဖြစ်သည်။ ခြုံငုံကြည့်လျှင် လူများသည်ဟု မဆိုနိုင်ပေ။ သူနှင့် He Yan အပါအဝင် ဆယ်ယောက်အတိအကျရှိသည်။ မိန်းကလေးငါးယောက်နှင့် ယောကျ်ားလေးငါးယောက် ဖြစ်သည်။

Yu Baizhou မမျှော်လင့်ထားသည်က Li Qing လည်း ရောက်နေခြင်းဖြစ်သည်။

ကောင်လေးများထဲက တစ်ယောက်က ထိုနေရာပိုင်ရှင်၏ တူဖြစ်သည်။ ထိုသူက သီးသန့်ခန်းတောင်းရင်း ဘီယာသေတ္တာနှစ်ခု အသီးနှစ်ပန်းကန်နှင့် အခြားမုန့်ပဲသရေစာများပါ ယူလာသည်။

ထိုသူက ဝင့်ကြွားစွာ ဆိုလာသည်။
"မင်းတို့မလောက်ရင် ထပ်သာမှာလိုက်"

"တော်ပါပြီ။ ငါတို့က လူလည်းသိပ်မှမများတာ။ ကုန်သွားမှ ထပ်မှာကြတာပေါ့"

"အိုကေ"

ဆယ်ယောက်လုံး သီးသန့်ခန်းထဲသို့ အတူဝင်သွားကြသည်။ အထဲကမီးရောင်က အသင့်အတင့်ရှိပြီး အရောင်ရင့်ဘက်ကို သွားသည်။ အခန်းထဲ ပန်းနံ့ခပ်သင်းသင်းပင် ရနေသေးသည်။ မိုက်ကရိုဖုန်းနှစ်ခုက စားပွဲပေါ်တွင် တင်ထားသည်။ ယေဘုယျအားဖြင့် အခန်းက သက်တောင့်သက်သာဖြစ်အောင် ပြင်ဆင်ထားသည်။

Yu Baizhou ဆိုဖာကို ဖြတ်သွားစဉ် သူ့ခြေမက ဆိုဖာအရှေ့ကို ခလုတ်တိုက်ကာ လဲကျတော့မလိုဖြစ်သွားသည်။ ကံကောင်းစွာဖြင့် သူ့လက်မောင်းကို အနောက်ကလူက ဆွဲလိုက်သောကြောင့် မလဲကျသွားခြင်းပင်။

He Yan က Yu Baizhou လက်မောင်းကို သူ့ဘက်ကိုဆွဲလိုက်ပြီး ရှေ့နည်းနည်းတိုးကာ မေးလိုက်သည်။

"မင်းမနာသွားဘူးမလား"

Yu Baizhou ခေါင်းခါပြလိုက်သည်။

Transmigrated into a School Idol and Forced to Do Business Where stories live. Discover now