Chapter 6

10.5K 1.7K 47
                                    

(Unicode)

He Yan ရဲ့ ပါးစပ်က သူ့နာမည်ထွက်လာတာကို ကြားပြီး Yu Baizhou အကြောင်းအရင်းမဲ့ နားထောင်လို့ ကောင်းကြောင်း ခံစားလိုက်ရသည်။

အခု အဲ့ဒီအကြောင်း တွေးရမည့်အချိန် မဟုတ်ပေ။

အခု သူမှာ ရေကူးဘောင်းဘီတိုသာ ဝတ်ထားပြီး အပေါ်ပိုင်း ခန္ဓာကိုယ်က အဝတ်အစားမဲ့နေသည်။

He Yan က သူ့နောက်ရှိ တံခါးပေါ် လက်တစ်ဖက်တင်ထားပြီး သူတို့ကြားအကွာအဝေးက စင်တီမီတာ အနည်းငယ်သာ ကွာသည်။ ကျောင်းက အာဏာရှင်တစ်ယောက်အနေဖြင့် ဒီလိုအနေအထားမျိုးက သူ့ကို ရှက်ရွံ့သလို ခံစားမိစေသည်။

သူစကားပြောဖို့ ပြင်ချိန်မှာပင် Yu Baizhou က He Yan ပတ်လည်က အငွေ့အသက်က အရင်ကနဲ့ မတူကွဲပြားနေတာကို ခံစားရသည်။ အရင်တစ်ခါ အနိုင်ကျင့်ခံရပြီး ကျောင်းခန်းထဲ အပိတ်ခံထားရသည့် အချိန်နှင့်မတူစွာ အလွန်အင်အားကြီးသည့်ပုံ ပေါ်သည်။ ထိုအရာက Yu Baizhou ကို အနည်းငယ် ကြောက်ရွံ့စေပြီး အာဏာပြမည့်သူ့စကားလုံးများက လည်ချောင်းတွင် အလိုလိုပျောက်ကွယ်သွားသည်။

“ကိစ္စတစ်ခုခု… ရှိလို့လား”

He Yan က Yu Baizhou ရဲ့အမူအရာကို သတိထားကြည့်နေသည်။ သူ့ဆံပင်အောက်က အညိုရောင်မျက်ဝန်းများက ကျဉ်းမြောင်းသွားသည်။

ပုံမှန်အဝတ်အစားနှင့် ယှဉ်လျှင် ကျောင်းယူနီဖောင်းက ပိုလွတ်လပ်ပြီး ပိုလည်းကျယ်သည်။ နှစ်ယောက်လုံးမှာ အလွန်နီးကပ်နေကြပြီး Yu Baizhou ၏ အပေါ်ပိုင်းမှာလည်း အဝတ်အစားမရှိ။ ထိုအချိန်တွင် He Yan ၏ ယူနီဖောင်းမှာ သူ့နောက်ကျောတွင် ကပ်နေသည်။ အချိန်တော်တော်အကြာတွင် သူ့နောက်ကျောနှင့် ကပ်နေသည့် နေရာမှာ ယားယံလာပြီး သူ့မျက်နှာကလည်း နီလာသည်။

Yu Baizhou က ယားယံခြင်းကို မခံနိုင်သဖြင့် သူ့မျက်နှာမှာ နီမြန်းလာခြင်း ဖြစ်သည်။

He Yan က နေ့တစ်ဝက်လောက် ပြန်မဖြေသည်ကို တွေ့ရသောကြောင့် Yu Baizhou က ကုတ်ချင်သည်ကို မထိန်းနိုင်တော့၍ တစ်ဖက်ကို လှည့်ပြီး He Yan ကို မျက်နှာချင်းဆိုင် ပြောရန် ပြင်လိုက်သည်။ သူမလှုပ်ခင်မှာပင် သူ့မျက်နှာဘေးက လက်တစ်ဖက် နှင့်အတူ သူ့ပေါ်တွင် တင်နေသော ကျောင်းယူနီဖောင်းလည်း ရွေ့သွားသည်။

Transmigrated into a School Idol and Forced to Do Business Where stories live. Discover now