Chapter 43

8K 1.3K 43
                                    


(Unicode)

စတော်ဘယ်ရီအရသာ muffle က Yu Baizhou ပါးစပ်ထဲ ပျော်ဝင်သွားပြီး သူတစ်ခါမှမရဖူးတဲ့ အရသာကို ခံစားလိုက်ရသည်။ သူနောက်ဆုတ်လိုက်ချိန်မှာ ဇွန်းကသူ့နှုတ်ခမ်းနဲ့ ထိသွားပြီး ဇွန်းကပြောင်ရှင်းသွားသည်။ အံ့သြကျေနပ်မိရင်း သူ He Yan ကို ပြောလိုက်သည်။

"စားလို့ကောင်းတယ်"

နူးညံ့ပျော့ပျောင်းတဲ့ ခပ်ပွပွကိတ်မုန့်နဲ့ စတော်ဘယ်ရီအဖတ်ရဲ့ ချိုချဉ်အရသာအပြင် လာဗာခရင်မ်၏ အဆိမ့်အရသာတို့ အတူရောထားသည့်အခါ အရသာခံဖုလေးများကို လုံးဝစွဲမက်နှစ်သက်ဖွယ်အရသာကို ပေးစွမ်းသည်။ ထို muffle မှ အရသာအရောအစက်က ပို၍ခါးသက်သော matcha နှင့်ချောမွတ်သည့်ချောကလက်အရသာနှင့် ကွဲပြားသည့်ခံစားချက်ကိုပေးသည်။ တစ်ခုက တောင်ပေါ်တွင်ပြေးလွှားနေသည့် လတ်လတ်ဆတ်ဆတ်ခံစားချက်ကို ပေးပြီး နောက်တစ်ခုက နူးညံ့ပေါ့ပါးနေသည့်တိမ်ယံတစ်ခုပေါ်လူးလိမ့်နေသည့် ခံစားချက်ပင်။ နှစ်ခုယှဉ်လျှင် Yu Baizhou က နောက်တစ်ခုကို ပိုကြိုက်သည်။

ရုတ်တရက် Yu Baizhou က သူလည်း စတော်ဘယ်ရီကိုကြိုက်သွားနိုင်ကြောင်း စဉ်းစားမိသည်။

Yu Baizhou ရဲ့ တောက်ပနေတဲ့အပြုံးကို မြင်ရပြီး He Yan က သူ့စိတ်ထဲကမတည်မငြိမ်ဖြစ်နေတာကို ချိုးနှိမ်လိုက်ကာ သူ့မျက်လုံးများက တစ်ဖန်နူးညံ့သိမ်မွေ့လာသည်။ စဉ်းစားသိတတ်စွာဖြင့် သူမေးလိုက်သည်။

"မင်း နောက်တစ်လုပ်စားမလား"

Yu Baizhou က မငြင်းဆန်ပေ။ ထို့အပြင် သူတစ်လုပ်စားပြီးပြီဖြစ်၍ နောက်နှစ်လုပ်သုံးလုပ် ထပ်စားသည်က ဘာမှမဖြစ်ပေ။

နောက်ဆုံးသူလုပ်နေသည်ကို သူသတိရသွားချိန်တွင် Yu Baizhou က He Yan ရဲ့မုန့်ကို အတော်များများ စားပြီးနေပြီဖြစ်ကာ သူ့မုန့်က တစ်ဝက်ကျော်ကျော်ပင် ကျန်နေသေးသည်။

သူ့မုန့်ကို He Yan ဘက်တွန်းပို့လိုက်သည်။
"ငါ့ဟာရော မြည်းကြည့်ချင်လား"

အခြေအနေက ထိုအထိရောက်လာပြီဖြစ်၍ နှစ်ယောက်လုံးက အရသာနှစ်မျိုးလုံးကို မြည်းစမ်းမှသာ မျှတလိမ့်မည်။

Transmigrated into a School Idol and Forced to Do Business Where stories live. Discover now