Chapter 37

7.7K 1.5K 52
                                    

(Zawgyi)

သူ He Yan ကလွဲပြီး ရည်းစားမထားရဘူး…သူ့စကားအရဆိုရင် He Yan က သူ့ရည်းစားလို့ ပြောတာလား?

Yu Baizhou က He Yan ပြောတာကို သဘောပေါက်ပေါက်ချင်းဘဲ သူ့မျက်နှာတစ်ပြင်လုံး နီရဲလာသည်။ သူ့ရဲ့ မျက်ဝန်းတောက်တောက်တစ်စုံက ပြူ းကျယ်သွားပြီး သူ့ရှေ့က ပန်းပုရုပ်ထုဆစ်ထားသလို ပြည့်စုံနေတဲ့ မျက်နှာနဲ့လူကို ကြည့်လိုက်သည်။ ရှုပ်ထွေးစွာဖြင့် စကားအစီအစဉ်မကျဘဲ သူရှင်းပြလိုက်သည်။

"မဟုတ်သေးဘူး။ ငါသေချာပြောပြီးပြီမဟုတ်ဘူးလား။ အထင်လွဲတာပါဆိုတာ။ ငါတို့အချင်းချင်းအထင်လွဲခဲ့ရုံဘဲ"

He Yan က သူ့ကို စိုက်ကြည့်နေပေမယ့် နားထောင်နေသည်ဟု မထင်ရပေ။ ထိုအစား သူကပြောလာသည်။
"မင်းငါ့အိမ်မှာ လာသောက်တဲ့ နေ့တုန်းက ငါတို့တွဲကြမယ်လို့ ပြောတော့ မင်းလက်ခံလိုက်ပြီးပြီ"

Yu Baizhou နေရာမှာပင် တောင့်ခဲသွားရသည်။ He Yan ပြောတာ အမှန်ဆိုသော်လည်း အခြေအနေက ထိုလောက် မရိုးရှင်းပေ။

"အဲ့ဒါကြောင့် အထင်လွဲတာလို့ပြောတာ။ မင်းက ငါတို့အတူရှိချင်တယ်လို့ ပြောပေမယ့် ငါထင်လိုက်တာက ရင်းနှီးတဲ့ ယောကျ်ားလေးသူငယ်ချင်းထင်လို့။ အဲ့ဒါကြောင့် ငါသဘောတူလိုက်တာ…"

Yu Baizhou ပြောနေရင်း သူ့ခါးက လက်တွေက သူ့ကိုဖက်ထားတာ ပိုတင်းကျပ်လာသည်ကို သတိထားမိသည်။ He Yan မျက်နှာက သူနဲ့ ပိုနီးကပ်လာတာကို ကြည့်ပြီး သူနဲ့အတူ ခိုင်မာတဲ့ အရှိန်အဝါတစ်ခုပါ ပါလာသလို ထင်ရသည်။ သူ့ခေါင်းနောက်ကို စာသင်ခန်းတံခါးနဲ့ အဖိခံထားရပြီး မသိလိုက်ဘာသာနဲ့ သူ့မေးကို ငုံ့လိုက်မိသည်။ He Yan ရဲ့ လှပတဲ့ မျက်လုံးတစ်စုံကို စိုက်မကြည့်ရဲတာကြောင့် ဘေးဘက်ကို အကြည့်ပို့လိုက်ကာ သူ့အသံက စကားပြောရင်း တိုးတိုးလာသည်။

"Yu Baizhou မင်းအတွက် ဒါက အထင်လွဲတာသက်သက်ဘဲ ဖြစ်မှာပေါ့။ အထင်လွဲတာလေးဘဲ ဆိုပြီး မင်းမသိချင်ယောင်ဆောင်လို့ရတယ်။ ဒါပေမယ့် ငါ့အတွက်တော့ မဟုတ်ဘူး။ ဘာမှမဖြစ်ခဲ့သလို ငါဟန်ဆောင်လို့ မရဘူး။ ငါ့ခံစားချက်တွေကို မင်းကို ပေးလိုက်ပြီးပြီ။ ငါပြန်လိုချင်ရုံနဲ့ ပြန်ယူလို့ရတာ မဟုတ်ဘူး"

Transmigrated into a School Idol and Forced to Do Business Where stories live. Discover now