Chapter 20

8.6K 1.5K 58
                                    


(Unicode)

(Zawgyi)

Pan Yi သူ့နားတွေ မကောင်းတော့ဘူးလို့ ထင်မိသည်။ သူက Yu Baizhou ကို မေးလိုက်သည်။
"မင်းဘာပြောလိုက်တာလဲ"

Yu Baizhou က သူ့စောင်ကို ဖက်ထားသည်။
"ငါ့တဲကလည်း ပျက်သွားတယ်။ အန်ကယ် Pan က ငါ မင်းတို့နဲ့ လာနေလို့ရတယ်ပြောလို့"

မိနစ်အနည်းငယ်က Yu Baizhou သူ့တဲထဲမှာ အတွေးလွန်နေရင်း တဲထောင့်စွန်းမှာ အပြဲရာလေးတစ်ခု ရှိနေတာ တွေ့ခဲ့ရသည်။ သူအစက အပေါက်ကို ဖာချင်ခဲ့သော်လည်း ပြင်ဖို့ သူဒူးထောက်လိုက်သည့်အခါတွင် မထိန်းနိုင်ဖြစ်ပြီး လဲကျတော့သည်။ အစက ပြဲရာအသေးလေးက ခြင်တွေ လိုသလို ဝင်ထွက်သွားလာနိုင်သည့် အပေါက်ကြီး ဖြစ်သွားသည်။

သူလည်း ထိုသို့မဖြစ်စေချင်သော်လည်း မည်သူက ထင်မည်နည်း။ သူ့ဘဝက ဒရမ်မာဆန်ဆန် နေချင်စဖွယ်ဖြစ်ပြီး သူ့အတွက် အခွင့်အရေး ဖန်တီးပေးလိုက်သည်။

ထို့ကြောင့် နောက်ဆုံးတွင် ဤနေရာသို့ ရောက်လာခြင်းပင်။

Pan Yi က ပြောစရာစကားမဲ့နေသည်။ သူက Yu Baizhou တမင်သက်သက် လုပ်ခြင်း ဖြစ်ရမည်ဟု ထင်သော်လည်း Yu Baizhou ထိုသို့လုပ်ရသည့် အကြောင်းကို စဉ်းစားမရပေ။

Pan Yi က He Yan ကို သူ့အထင်ကို မေးလိုက်သည်။ He Yan က အပေါက်ဝတွင် အကျီင်္ဘောင်းဘီတိုတိုဖြင့် စောင်ပိုက်ကာ ရပ်နေသည့် ကောင်လေးကို ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် ကူကယ်ရာမရှိသည့် ပုံပေါက်နေသည်။

Yu Baizhou က အပေါက်ဝတွင် အပြစ်ကင်းစင်ဟန်ဖြင့် ရပ်နေသည်။

ညတွင် ရေကန်နား တိုက်သည့် လေက အရမ်းအေးသည်။ ခွင့်ပြုချက်ရရချင်း Yu Baizhou အထဲသို့ ဝင်လိုက်သည်။

ယခုအခါ အထဲတွင် သုံးယောက် ပြွတ်သိပ်ရှိကြ၍ အိပ်ရာအနေအထားကလည်း ပြန်ခွဲဝေမှရမည်။

Yu Baizhou ခဏတွေးလိုက်ပြီး သူ့စောင်သူ အလယ်မှာ ထားလိုက်ကာ အကြံပေးသည်။
"ငါက မင်းတို့နှစ်ယောက်လုံးထက် ပိန်တာမလို့ ငါအလယ်မှာ နေလိုက်မယ်။ အဲဒါနေရာပိုရလိမ့်မယ်"

Pan Yi က ချက်ချင်းပြန်ပြောသည်။
"ဘယ်သူက ရတယ် ပြောလို့လဲ!"

He Yan: "မရဘူး"

Transmigrated into a School Idol and Forced to Do Business Where stories live. Discover now