Chapter 17

8.4K 1.6K 60
                                    


ကိုယ် Sunday က တစ်ပိုင်းတင်ထားသေးတယ်နော် un ထားတဲ့ novel တွေ translator တွေပြန်တင်ကြတာ ကိုယ့် noti ကိုအချို့တွေမမြင်ကြဘူးထင်တယ်

(Unicode)

ရက်အနည်းငယ် ကြာပြီးမှ အခြေအနေက ပုံမှန်ပြန်ဖြစ်သွားသည်။ ပြစ်မှုတရားခံက ထောင်ဒဏ်ငါးနှစ် ချမှတ်ခံရသည်ဟု Fu Xia ဆီက Yu Biazhou ကြားရသည်။ ထိုသူက အခြားသူများထံမှ ထပ်အရိုက်နှက်ခံရသေးသည်ဟုလည်း သိရသည်။ မူလဒဏ်ရာများက ထိုလူကို လုံလုံလောက်လောက် နာကျင်စေပြီးပြီဟု Yu Baizhou တွေးမိသော်လည်း ထပ်အရိုက်ခံရသည်မှာလည်း ကောင်းသည်ဟု ထင်သည်။

He Rou ကို ပိုမိုလုံခြုံမှုရှိသည့် ပုဂ္ဂလိကဆေးရုံသို့ ပြောင်းရွှေ့ထားသည်။ တစ်ယောက်ယောက်က နောက်ကွယ်မှ ကူညီပေးနေသည်ဟု ထင်ရသည်။ နောက်ကွယ်က မည်သူမှန်း Fu Xia ပြောသည်ကို Yu Baizhou မကြားသော်လည်း အခြေအနေက အတော်ကောင်းသည်ဟု ထင်သည်။

He Yan အတွက်မူ ကျောင်းသို့ တစ်ဖန်ပြန်လာပြီဖြစ်ပြီး သူ့လက်ရှိအခြေအနေက ယခင်ကနှင့် များစွာကွာခြားမှုမရှိပေ။

He Yan က သူထိုနေ့က အကြိမ်ပေါင်းများစွာ ဖုန်းခေါ်ဆိုရသည့်အကြောင်းကို မေးမလာခဲ့ချေ။ သူမမြင်သည်လည်း ဖြစ်နိုင်သလို ဖုန်းလွတ်သွားလို့လည်း ဖြစ်နိုင်သည်။ He Yan က မမေးလာသောကြောင့် သူလည်း ရှင်းပြရန် အကြောင်းပြချက် ရှာစရာမလိုပေ။

သူက ထိုကိစ္စတွင် များစွာပါဝင်ခဲ့ခြင်းမရှိ။ ထိုလူကို ဖမ်းမိသောသူက သူမဟုတ်ဘဲ ရဲစခန်းရှိ အလုပ်ကြိုးစားသည့် အန်ကယ်များသာ ဖြစ်သည်။ သို့သော်လည်း Yu Baizhou က ပြင်းထန်သောတိုက်ပွဲတစ်ခု တိုက်ခဲ့သလို ခံစားရကာ အားအင်ကုန်ခမ်းနေသည်။ ကျောင်းသို့သွားခြင်းမှ လွဲပြီး အားလပ်ချိန်တွင် အိမ်တွင် အိပ်ရင်းသာ ကုန်ဆုံးဖြစ်သည်။

ဘယ်လောက် ပင်ပန်းဖို့ကောင်းလဲ။

Fu Xia က Yu Baizhou ရဲ့ စိတ်အခြေအနေကို ကြည့်ပြီး ထိုရာဇဝတ်မှုကျူးလွန်သူက Yu Baizhou ထံတွင် စိတ်ပိုင်းဆိုင်ရာ အရိပ်မည်းကြီး ချန်ထားခဲ့မည်ကို စိုးရိမ်မိသည်။ ထို့ကြောင့် Yu Chen ရှင့်တိုင်ပင်ကာ အမျိုးသားနေ့ပိတ်ရက်အတွင်း သားဖြစ်သူကို အပြင်ခေါ်သွားရန် Yu Chen နှင့် တိုင်ပင်လိုက်သည်။
(T/N - တရုတ် အမျိုုးသားနေ့ပိတ်ရက်က သုံးရက်ကြာပါတယ်)

Transmigrated into a School Idol and Forced to Do Business Where stories live. Discover now