Chapter 46

7.2K 1.3K 22
                                    

(Unicode)

Yu Baizhou သည် ဖုန်း၏စခရင်ပေါ်တွင် ပေါ်လာသည့် မက်ဆေ့ချ်အကြောင်းကြားစာကို ကြည့်လိုက်သည်။ ၎င်းသည် Tu Gaoming မှ ပေးပို့သော မက်ဆေ့ချ်တစ်ခုဖြစ်သော်လည်း လောလောဆယ်တွင် ထိုမက်ဆေ့ချ်ကို မနှိပ်သေးပေ။ ဖုန်းမြည်လာပြန်သည်၊ ဒီတစ်ခါ He Yan ဆီက နောက်ထပ်မက်ဆေ့ချ်ပင်။

Yu Baizhou သည် သူ၏ အသိပေးချက်စာ(notification) များကို စစ်ဆေးလိုက်သည်။

【Tu Gaoming: "ဘော့စ်!!"】

[He Yan : "မအိပ်သေးဘူးလား?"]

ခဏလောက်စဉ်းစားပြီးမှ He Yan မက်ဆေ့ချ်ကို ဦးစွာနှိပ်လိုက်ရန် ရွေးချယ်လိုက်သည်။

He Yan "မအိပ်သေးဘူးလား"

Yu Baizhou က “မအိပ်သေးဘူး” ဟု ပြန်ရိုက်လိုက်သည်။

စက္ကန့်အနည်းငယ်ကြာပြီးနောက် He Yan ပြန်ပို့လာပြီး "မနက်ဖြန် မင်းမှာ စီစဉ်ထားတာရှိလား"ဟုမေးသည်။

He Yan ၏ အမေးကို ကြည့်လိုက်ကာ Yu Baizhou ၏ နှလုံးသား တုန်လှုပ်သွားရသည်။ He Yan ၏ ရည်ရွယ်ချက်များကို သူအတည်ပြုခဲ့ပြီး သူ့နှုတ်ခမ်းထောင့်များက အလိုအလျောက် ကွေးညွှတ်သွားခဲ့သည်။

ကုတင်ပေါ်တွင် လှဲချလိုက်ပြီး စာပို့သည့်ဘောက်စ်(text box)အထဲသို့ ဝင်လိုက်သည်-----မရှိဘူး။

သေချာစဉ်းစားပြီး စကားလုံးကို ဖျက်လိုက်ပြီးတဲ့နောက်မှာ သူက "မရှိဘူး" ဒါမှမဟုတ် "လောလောဆယ်မရှိဘူး" ဆိုပြီး ပြန်ရမလားဆိုတဲ့ ကိစ္စနဲ့ ဝေခွဲရခက်နေခဲ့သည်။

"မရှိဘူး" ဟု ပြန်ခဲ့ပါက၊ He Yan ၏ ဖိတ်ကြားချက်ကို စောင့်မျှော်နေသကဲ့သို့ ဖြစ်မည်ဖြစ်သည်။

သေချာစဉ်းစားပြီးနောက် သူသည် “လောလောဆယ်မရှိဘူး” ဟု စာပြန်ပို့ခဲ့သည်။

ဒီတစ်ကြိမ်မှာ He Yan ပြန်မဖြေခင် သူစက္ကန့်ပေါင်းများစွာ စောင့်ခဲ့ရသည်။

He Yan : “ဒီလိုဆိုရင် မနက်ဖြန် ရုပ်ရှင်အတူတူသွားကြည့်ချင်တာလား။ အသစ်ထွက်မယ့်တစ်ခုကက ကောင်းမယ့်ပုံဘဲ၊ အမျိုးအစားက မင်းကြိုက်တာထင်တယ်။"

အဆုံးမှာတော့ He Yan က “ငါတို့နှစ်ယောက်တည်း” ဆိုတဲ့ နောက်ထပ်စာကြောင်းတစ်ခုကို ထပ်ဖြည့်လိုက်တယ်။

Transmigrated into a School Idol and Forced to Do Business Where stories live. Discover now