Chapter 28

8K 1.5K 26
                                    

(Unicode)

He Yan က ပြန်မွေးဖွားလာတော့ Yu Baizhou ရဲ့ အုပ်စုက စာသင်ခန်းထဲ ချုပ်နှောင်ထားကြတဲ့ အချိန် ဖြစ်သည်။

မယုံသင်္ကာဖြစ်မှု။ ထိုအချိန်က စခဲ့သည်။

Yu Baizhou ကို စကြည့်ကြည့်မိချင်း ထူးဆန်းနေခဲ့သည်။ ဘဝကို နောက်တစ်ကြိမ် နေရသည့်အချိန်တွင် မူလအတိုင်း ဆက်ဖြစ်ခဲ့လျှင် မည်သို့ဖြစ်လာမည်ကို သိခဲ့သည်။

ထိုကောင်လေးတွေအုပ်စုကို သင်ခန်းစာပေးနိုင်မယ့် အချိန်ကို တိတ်တဆိတ်သာ စောင့်ခဲ့သည်။

သို့သော် ခဏအကြာတွင် လွန်ခဲ့သည့်နှစ်များကအတိုင်း လက်သီးချက်က ကျရောက်မလာခဲ့ပေ။ သူ့ရှေ့ကလူက ထိုင်ခုံပေါ်က ကမန်းကတန်းထရင်း သူ့ကိုယ်က လျော့ရဲနေတဲ့ ကြိုးကို ဖြေပေးခဲ့သည်။

ထိုအခါမှစပြီး လမ်းကြောင်းက လုံးဝ ပြောင်းလဲသွားခဲ့သည်။

အစက ထင်ခဲ့သည်က သူပေါ်ပေါက်လာမှုက အရာအားလုံးကို လမ်းလွဲစေသည်ဟုပင်။ ထိုအကြောင်းကြောင့် ဟုတ်မဟုတ်သေချာစေရန် သူ့အရင်ဘဝက လုပ်ခဲ့သည်အတိုင်း လိုက်လုပ်ခဲ့သည်။ သို့သော်လည်း အမှန်က သူထင်နေသည့်အတိုင်း မဟုတ်ပေ။ ဖြစ်သင့်သည့်ကိစ္စများက ဆက်ဖြစ်သော်လည်း သူ့အရင်ဘဝက ဖြစ်ခဲ့သည့်ကိစ္စများ ပြောင်းလဲသွားခဲ့ရသည့် အဓိက အကြောင်းရင်းက Yu Baizhou ကြောင့်ပင်။ ဥပမာ ကန်တင်းတွင် Sun Tianshuo နှင့် ဆုံတုန်းက အချိန်လိုဖြစ်သည်။

ထိုသူက မူလတည်တည်ငြိမ်ငြိမ်ရှိနေသည့် ရေကန်တွင် ရုတ်တရက် ကျဆင်းလာသည့် သစ်ရွက်လေးလိုပင်။ စာရွက်တစ်ရွက်မျှသာ ရှိသော်လည်း ရေကန်ကို လှိုင်းများ ထစေကာ ရေကန်ထဲရှိ သူ့ဘေးက ရေများကို နှောင့်ယှက်နိုင်သည်။

ထိုသူကို သူသိချင်လာသည်။ Yu Baizhou က ရေမကူးနိုင်ပေမယ့် ဒီလူက ကူးနိုင်သည်။ သူသာ ဒီအချိန်ကို ပြန်မရောက်လာခဲ့ရင် စိတ်ရှုပ်ထွေးရမည်မဟုတ်။ အစက Yu Baizhou မကူးတတ်ဘဲ သူက ဘယ်လို တတ်သွားတာလဲ။ အခြေအနေတွေက အဲ့ေလောက်မရိုးရှင်းပေ။ ဘာကြောင့်လဲဆိုတော့ သူတို့အထက်တန်းကျောင်း တတိယနှစ် ဘွဲ့ရပါတီတွင် Yu Baizhou ရေနစ်သည်ကို တွေ့ခဲ့ရ၍ ဖြစ်သည်။

Transmigrated into a School Idol and Forced to Do Business Where stories live. Discover now