Chapter 33

7.4K 1.5K 70
                                    


(Unicode)

မီးပန်းတွေက အလှမ်းအတော်ကွာတဲ့ နေရာမှာ ပြနေတုန်းပေမယ့် Yu Baizhou စိတ်က လုံးဝ ဗလာကျင်းဖြစ်နေသည်။

ဘာဖြစ်တာလဲ။ သူဘဲ နားကြားမှားတာလား။

ရေသံတွေကလည်း တော်တော်ကျယ်နေတယ်ဆိုတော့။

ဒါပေမယ့် သူ့ခါးကို ဖက်ထားတဲ့ လက်ကရော?

Yu Baizhou မနေနိုင်ဘဲ ထပ်မေးမိသည်။
"အခု မင်းပြောလိုက်တာ နမ်း...နမ်းမယ်...?"

He Yan က Yu Baizhou ပုံစံက တွန့်ဆုတ်နေတာကို တွေ့ပြီး သူ့မျက်ခုံးတွေက တွန့်ချိုးသွားသည်။ Yu Baizhou ခါးကို တင်းတင်းကျပ်ကျပ်ဖက်ထားတဲ့ သူ့လက်ကို ဖြေလျော့သွားသည်။

"Yu Baizhou မင်း ခုဘာပြောလိုက်တာလဲ"

He Yan အသံနေအသံထားအရ လုံးဝ အခြေအနေမကောင်းပေ။

အစက Yu Baizhou ကို သူ single လို့ ပြောထားတဲ့ ကိစ္စကို အခဲမကျေသေးတာကြောင့် အခု Yu Baizhou က သူ့ကို တွန်းကန်နေတာကို တွေ့တော့ သူ့စိတ်ထဲ ပိုပြီး မကျေမနပ်ဖြစ်လာရသည်။

Yu Baizhou က သွယ်ဝိုက်၍ ရှင်းပြလာသည်။

"ဟိုဟာ...နမ်းတာလိုမျိုးတွေက...ညီအစ်ကိုကောင်းတွေကြားမှာ...မလုပ််ဘူးမလား။ ပြီးတော့ ငါတို့လို အဖြောင့်တွေကြား...ဒီလို...ဒီလိုမျိုးက...တော်တော်မသင့်တော်ဘူး"

ဒါကိုကြားပြီး He Yan ပုံစံက မယုံနိုင်သလို ဖြစ်သွားပြီး သူ့မျက်နှာက စိတ်ရှုပ်ထွေးနေသလို ဖြစ်သွားသည်။

"ညီအစ်ကိုကောင်းတွေ?"

အသံကလည်း ပိုကျယ်လာသည်။

"ဘယ်သူက မင်းညီအစ်ကိုလဲ?"

Yu Baizhou ရပ်တန့်သွားမိသည်။
"အာ?"

He Yan က Yu Baizhou ဆီကို ပိုနီးကပ်လာသည်။
"ညီအစ်ကိုတွေ? အဖြောင့်? Yu Baizhou မင်းက ငါ့ကို ကစားနေတာလား"

He Yan အသံက နှင်းထူထူဖြင့် ပေါင်းစပ်ထားသလို အေးစက်နေသည်။

Yu Baizhou က He Yan ဆီက ထုတ်လွှင့်နေတဲ့ လေထုကြောင့် ကြောက်ရွံ့လာမိပြီး ခြေလှမ်းနည်းနည်း ဆုတ်လိုက်ပြီး ရှက်ရွံ့စွာနဲ့ ပြောလိုက်သည်။

Transmigrated into a School Idol and Forced to Do Business Where stories live. Discover now