Chapter 60

7.2K 1.1K 13
                                    


(Unicode)

Yu Baizhou သူ့မျက်လုံးကို ပြန်ဖွင့်ကြည့်လိုက်တော့ မြင်လိုက်ရတာက အဖြူရောင် မျက်နှာကျက်တစ်ခုဖြစ်ပြီး အနီးနားမှာရှိတဲ့ တူရိယာမှ အသံမြည်သံတွေ ကြားနေရသည်။ သူ လှုပ်ရှားချင်သော်လည်း လှုပ်ရှားမှုတိုင်းက သူ့ခန္ဓာကိုယ်ကို နာကျင်ကိုက်ခဲမှုစေသည်ကို သိခဲ့ရသည်။

အိပ်ယာပေါ်ရှိလူ၏ လှုပ်ရှားမှုများကို ခံစားလိုက်ရသဖြင့် He Yan ချက်ချင်းနိုးလာသည်။

Yu Baizhou သည် ခေါင်းကိုလှည့်ကာ အိပ်ယာဘေးရှိလူကို ကြည့်လိုက်သည်။ တခဏချင်းမှာပဲ သူ့နှလုံးသားထဲက မကျေနပ်ချက်တစ်ခု ထွက်ပေါ်လာပြီး သူ့မျက်လုံးတွေက နီရဲလာတော့သည်။

စကားမပြောမီ မျက်ရည်တွေပင်ကျနေပြီဖြစ်သော သူ့ရှေ့မှလူကို ကြည့်ကာ He Yan နှလုံးသားက မယုံနိုင်လောက်အောင်ပင် တုန်လှုပ်သွားရသည်။ လူတွေကို ကျေနပ်စေမယ့် စကားလုံးတွေကို အမြဲပြောနိုင်တဲ့ သူ့ပါးစပ်က ထိုအခိုက်အတန့်မှာ ဘာကိုမှ မပြောနိုင်ပေ။ သို့သော်လည်း နောက်ဆုံးတော့ Yu Baizhou သူ့မျက်လုံးတွေကို ဖွင့်ကြည့်လိုက်သည်ကို မြင်ရသည်နှင့်ပင် သူ့စိတ်က အနည်းငယ်ပေါ့ပါးသွားရပြီ။

He Yan သည် Yu Baizhou ၏ဆံပင်ကို ပွတ်သပ်ကာ နှစ်သိမ့်ပေးသည်။ "အဆင်ပြေသွားပြီ၊ မင်းအခုအဆင်ပြေသွားပြီ။"

Yu Baizhou သည် He Yan ၏ နီရဲနေသော မျက်လုံးများကို ကြည့်ကာ ဝမ်းနည်းမှုက ပိုပြင်းထန်လာသလို ခံစားရသည် ။ “ငါ… ငါသေတော့မှာလား*” လို့ ရိုးသားစွာ မေးလိုက်တယ်။

He Yan သည် စက္ကန့်ပိုင်းမျှ ခေတ္တရပ်တန့်ကာ ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။ "မင်းကိုဘယ်သူပြောတာလဲ"

Yu Baizhou သည် မျက်ရည်ကျလုဆဲဆဲပင်။ “နာတယ်၊ တစ်ချက်လှုပ်လိုက်တာနဲ့ ငါ့တစ်ကိုယ်လုံး သေမလိုပဲ နာတယ်၊ ငါ့အရိုးတွေ၊ ငါ့ကိုယ်ထဲက အရိုးတွေရှိတဲ့ နေရာတိုင်း နာနေတယ်။ ငါ့သရက်ရွက်က ဒဏ်ရာရထားတယ်ထင်တယ်၊ ​​ဖာ့ခ်၊ အဲဒါ Pei မိသားစုက အရိုင်းအစိုင်းနှစ်ကောင်ကြောင့်။ He Yan၊ ငါ့ကို မဖုံးကွယ်ထားဘဲ အမှန်အတိုင်းဖြေ။ ငါသေတော့မှာလား?"

Transmigrated into a School Idol and Forced to Do Business Where stories live. Discover now