ကလေးသီချင်းကို အော်ဆိုပြီး လက်ထဲ သွားတိုက်တံလေးတစ်ချောင်းကိုင်ကာ ခြေထောက်လေးကို ခြေဖျားထောက်လိုက် ပြန်ချလိုက် လုပ်ပြီး သွားတိုက်နည်းသင်ပေးနေတဲ့ ကိုကိုး က စတွေ့တုန်းက ကားပေါ်မှာ သူ့ကို ကွမ်းမစားဖို့ပြောတဲ့မျက်နှာထားနဲ့ လုံးဝမတူတော့ပေ ။ ခေါင်းလေးလှုပ်လိုက် ၊ ရီလိုက် ၊ သီချင်းလေးဆိုလိုက် ၊ လက်ခုပ်လေးတီးလိုက်နဲ့ တစ်ချက်တစ်ချက် ကျုပ်ကို လှမ်းကြည့်ပြီး မျက်စိမှိတ်ပြလိုက် လုပ်သေးသည် ။ တစ်နာရီကျော်လောက်ကြာတော့ ကိုကိုး သရုပ်ပြတာ ပြီးသွားပြီး ကျုပ်နားပြန်ရောက်လာတယ် ။
" ကိုကိုး ဘာလို့ကျုပ်ဆီပြန်လာတာလဲ "
" အလုပ်ပြီးတော့ ဂျစ်တူးနား အမြန်ပြေးလာရတာပေါ့ "
" အမယ် !!!! တော်တော်ကိုပဲ "
" ဟုတ်တယ်လေကွာ ဒါကိုယ့်နေရာပဲကို "
" ချည်တိုင်ကို ပြန်ပြေးလာတာပေါ့ "
" ဒါပေါ့ကွ "
ဟင် နေပါဦး အခုသူ့ကို သူ့ကို နွားလို့ပြောလိုက်ပြန်ပြီလား ။
မဟာ သဘောပေါက်သွားပြီး မျက်နှာကြီးစူပုပ်နေသည်ကို ကြည့်ရင်း သဘောတကျနဲ့ ထိုင်ရီနေလေရဲ့ ။
" ဟားးး ကိုကိုး ကလေ တကယ်ပဲ ဘာလေးမှန်းကိုမသိဘူး "
မဟာ့ဘယ်ဘက်ပါးကို ဆွဲညှစ်ကာ ရီနေတာ မရပ်သေး ။
" တော်ပါ ကိုယ့်ကိုဆို သိပ်နိုင်ပဲ "
" မနိုင်ပါဘူး ကိုကိုးက ကျုပ်ထက် အရပ်ရှည်တာပဲ "
" ဂျစ်တူး ..... "
" အရပ်ရှည်ပေမယ့်လဲအချိန်တန်ရင် ကိုကိုးက အောက် ... "
" တင်မောင်ထွန်းညို !!!!!!! "
" ဟိဟိ "
" မဟာရေ ကလေးတွေနဲ့ ကာယအချိန်အတူ ဆော့ပေးရအောင် အထွန်းလဲ လာလေ "
" ဟုတ် ကိုလင်း "
" ကိုကိုး ကိုကိုးက အောက်ကနော် "
" ဘာဖြစ်နေတာတုန်း "
" ဟိုမှာလေ ဆင်ဝင်အောက်မှာ ကိုကိုး နေရမှာလို့ပြောတာ ကျုပ်က အပြင်မှာ ဆော့မယ်လေ အပြင်မှာဆို သူနေပူမှာဆိုးလို့ကို ဘာတွေ တွေးနေလဲ မသိ "
