ကျွန်တော် ကိုကိုး တိုက်ခန်းအောက်ကိုရောက်နေတာတော်တော်ကြာနေပြီ ။ အပေါ်လဲမတက်ဘဲ ကားပေါ်မှာတင် ထိုင်နေတာ ။ ဘယ်နေရာကနေစပြီး လွဲခဲ့လဲ ကျွန်တော် မသိပေမယ့် ကျွန်တော်တို့ တစ်ခုခုလွဲနေတာတော့ သေချာသည် ။
ကိုကိုးအခန်းကို ခေါင်းလေးဆောင်းပြီး ကြည့်နေရာကနေ တိုက်လှေကားထိပ်မှာ ကားတစ်စီးရပ်လိုက်တယ် ။ ကားပေါ်ကဆင်းလာတာက ကိုကိုး ။ ပြီးတော့ သော်ချမ်းမြေ့ ။ နှစ်ယောက်သားအပေါ်ကိုအတူတူတက်သွားသေးတယ် ။
" တောက်ခ် ကိုကိုးအိမ်ကို သူက လာနေကျလား "
ကားပေါ်ကဆင်းပြီး ကိုကိုးအခန်းဆီကို တက်သွားပြီး တံခါးခေါက်လိုက်တော့ လာပါပြီ ဆိုတဲ့အသံနဲ့အတူ တံခါးလာဖွင့်တာ သော်ချမ်းမြေ့ ။
" ဘယ်သူလဲ ဗျ မုန့်လာပို့တာမဟုတ်ဘူးလား "
သူ့အမေးကိုဖြေမနေဘဲ ပခုံးကိုတိုက်ကာ အိမ်ထဲ ဝင်လိုက်တော့ ကိုကိုးက မီးဖိုခန်းထဲမှာ ရေနွေးအိုးတည်နေသည် ။
" ဟင် ဂျစ်တူး ဘယ်လိုရောက်လာတာလဲ "
မဟာ့ စကားတစ်ခွန်းမှာ သော် ကမ္ဘာပျက်သွားသလို ။
ဂျစ်တူး တဲ့ မဖြစ်နိုင်တာ ပိန်ပိန်ရှည်ရှည်နဲ့တစ်ချက်လောက်ရိုက်တာနဲ့သေသွားနိုင်တဲ့အညာသားက ဒီပုံကြီးဖြစ်သွားတာလား ။" မောင် ရောက်နေတာကြာပြီ "
မဟာ တစ်ချက်ပြုံးလိုက်ပြီးမှ
" ကိုယ့်ကိုစောင့်နေတာလား "
" အင်း "
" ကိုယ်က ဒီနေ့ သော့်ကို ချောဆွဲလာတာ ကားက ဘီးပေါက်သွားလို့လေ "
" မောင် ဒီမှာ ခဏနေမယ် ၁ ရက် ၂ ရက်လောက်ပေါ့ "
" တကယ်လား ကောင်းတာပေါ့ "
သူတို့နှစ်ယောက် သော် ရှိတာကိုပင် သတိရပုံမပေါ် ။
" သော် အံ့ဩနေတာမလား ကြည့်ပါဦး ငါ့ဂျစ်တူးက ဘယ်လောက်ပြောင်းလဲသွားလဲဆိုတာ "
" သူက ဘယ်လို က ဘယ်လို "
" အေးကွ ပြောရမှာရှည်တယ် ဒယ်ဒီ့စနက်ကနေ လွတ်လာပြီး အခုလိုကောင်းကောင်းမွန်မွန်ရှင်သန်နေနိုင်တာ ငါနဲ့ဖူးစာမှန်လို့ကွ နော် ဂျစ်တူး "