" ကိုကိုးရေ ခေါက်ဆွဲရပါပြီ "
" အားးး မွှေးနေတာပဲ ဂျစ်တူးက ဘယ်ဆိုးလို့လဲ "
မဟာ ထိုင်မယ့်ခုံလေးကို နောက်ကိုရွှေ့ပေးပြီးမှ သူလဲ တခြားခုံတစ်ခုမှ ဝင်ထိုင်လိုက်တယ် ။ မဟာကတော့ ဂျစ်တူးအပြူအမူမှန်သမျှကို သဘောကျနေလေရဲ့ ။
ခက်ရင်းနဲ့ခေါက်ဆွဲမျှင်တွေကိုယူပြီး စားနေတဲ့ မဟာ့ကို လက်ထောက်ပြီးကြည့်ကာ ဘယ်လိုလဲ လို့ မေးနေတဲ့မျက်လုံးလေးတွေ ။
" ဂျစ်တူး "
" ဗျာ မကောင်းဘူးလား "
" ဒီပုံစံမျိုးနဲ့ တခြားသူကို ချက်မကျွေးမိစေနဲ့ဦး "
" ဟင် !!!! ဘာလို့လဲ "
" ဂျစ်တူးကို ခိုးသွားမှာဆိုးလို့ "
" အာ ..... လန့်သွားတာပဲ ကိုကိုးရဲ့ "
မျက်စောင်းလေးတစ်ချက် မဟာ့ဆီလွင့်လာပြီး မဟာ့လက်ချောင်းတွေကလဲ ဂျစ်တူး ဆံပင်တွေကြားထဲ ထိုးဖွလျက် ။
" ဂျစ်တူး "
" ဗျာ "
" ချစ်တယ် "
" ပို ချစ်တာပေါ့ "
" ကိုကိုး အိမ်မှာ သောက်စရာမရှိဘူးလား "
" သောက်စရာ ???? အအေးလား "
" အအေးသောက်ရမယ့်အရွယ်လားဗျ "
" ဘုရားရေ ဘာများသောက်ချင်လို့လဲ "
" ကိုကိုးကလဲ တစ်ခုခု .... "
" ကိုယ်ပြောမယ် ဂျစ်တူး ဟော ဟိုအရှေ့က တံခါးတွေ့လား "
" အင်း တွေ့တယ်လေ "
" အဲ့တံခါးဝကိုဖြတ်ပြီး ဒီအိမ်ပိုင်ရှင် မဟာအာကာ ဆီကို လာတဲ့သူက တင်မောင်ထွန်းညို ပဲ ဖြစ်စေချင်တယ် ရမလား "
ကိုကိုးပြောတာကို ကျွန်တော် ကောင်းကောင်းကြီး သဘောပေါက်ပါသည် ။
" ဟုတ် အအေးသောက်ကြမလား "
" အင်း ကိုယ် သွားယူပေးမယ် "
ခဏကြာတော့ Shark နှစ်ဗူးကိုင်ကာ ကိုကိုးပြန်ရောက်လာပြီး ညစားစားချိန်ကို အမြန်ပင် ကုန်ဆုံးစေလိုက်သည် ။ စားသောက်ပြီးစီးလို့ ကျွန်တော်ပန်းကန်တွေဆေးနေတုန်း ကိုကိုးက နောက်ကနေ ကျွန်တော့်ခါးလေးကိုဖက်ပြီး ပခုံးပေါ်မေးတင်ကာ ရပ်နေလေရဲ့ ။
