" ဒါက ဘာတွေလဲ "
အခန်းတံခါးပွင့်လာတာရော လူတစ်ယောက်လုံးဝင်လာတာကိုရော မင်းထင် နဲ့ အထွန်း မသိကြပါ ။ စူးရှတဲ့အသံကြောင့်သာ တံခါးအဝကို ကြည့်မိတော့ အမျိုးသမီးတစ်ယောက် ။ ကုတင်ဘေးက ခုံမှာထိုင်နေတဲ့ လူကြီးက ချက်ချင်းပင် ကုတင်ပေါ်ပြေးတက်လာသည် ။
" ဪ ရောက်ပြီပဲ ရောက်ရင်လဲ ဧည့်ခန်းထဲပဲ နေလေ ဘာလို့ သူများအခန်းထဲ လာတာလဲ မမြင်သင့်တာတွေမြင်ကုန်မှဖြင့် "
" ဉာဏ်မင်းထင် !!!! "
" ဘာလဲဗျ ကျွန်တော်ကြားပါတယ် အော်စရာမလိုဘူးလေ "
" မင်း ဒါ ဒါ တွေက ဘာလဲ "
" ဪ မိတ်ဆက်ပေးစေချင်တာလား ဒါ ကျွန်တော့်ကောင်လေးလေ တင်မောင်ထွန်းညို တဲ့ ညီ ဒါက ကိုယ့်မေမေလေ "
" ဗျာ !!! "
ထိုလူကြီးက ရုတ်တရက် အထွန်း ပခုံးပေါ်လက်တင်ပြီး အထွန်းကိုဖက်ကာ သူ့အမေဆိုသူကို မိတ်ဆက်ပေးလေရဲ့ ။ အထွန်းလုပ်ရမှာက ငြိမ်ငြိမ်လေးနေရမှာပဲ ။
" ဉာဏ်မင်းထင် !!!! "
အန်တီကြီးက သူ့ဘေးနားမှာ ခုံတန်းရှည်လိုဟာမျိုးနဲ့ အပြည့် တင်ထားတဲ့ ပန်းအိုးတွေထဲက တစ်လုံးကိုယူပြီး လူကြီး ဆီ ပစ်ပေါက်လိုက်သည် ။ တည့်တည့်မတ်မတ်ပါပဲ လူကြီးရဲ့ခေါင်းနဲ့ပန်းအိုးတို့ထိမိပြီး ပန်းအိုးအစိတ်စိတ်အမွှာမွှာ ကွဲသွားသည်။
အထွန်းဘက်ကို မျက်နှာလှည့်လာတော့ ဘယ်ဘက်မျက်ခုံးထောင့်ကနေ သွေးတွေစီးကျနေသေးသည် ။ အထွန်း အံ့ဩပြီးကြည့်နေချိန် အရမ်းကို နွေးထွေးလွန်းတဲ့အပြုံးတစ်ခုကို သူက ပေးသည် ။ ပြီးမှ အေးစက်စက် အသံနဲ့
" ခင်ဗျားလဲ ဘယ်အကွက်တွေရွှေ့နေလဲ ခင်ဗျားသိပါ ပြီးတော့ ဒါ ကျွန်တော့်အိမ် ခင်ဗျားက ဧည့်သည် အဲ့တော့ ဧည့်ခန်းထဲမှာသာစောင့်နေ ကျွန်တော်သန့်ရှင်းရေးလုပ်ပြီး ဆင်းခဲ့မယ် "
" သန့်ရှင်းရေး " ဆိုတဲ့စကားကို မင်းထင် တမင် ထည့်ပြောလိုက်ခြင်းပင် ။ ဒီစကားရဲ့အဓိပ္ပာယ်က ဘာလဲ သူ ကောင်းကောင်းသိမှာပါ ။ မျက်ခုံးက အနာကိုတင် ဆိုလိုခြင်းမဟုတ်ကြောင်းသိအောင် မဲ့ပြုံး ပြုံးပြလိုက်သည် ။
