အပိုင်း ၃၄ / အပိုင္း ၃၄

6.9K 871 48
                                    

ဒီနေ့ အစည်းအဝေးတစ်ခုရှိနေတာကြောင့်ရော စိတ်မချတာတွေ စိတ်ပူတာတွေနဲ့ ဘာမှန်းမသိတဲ့ခံစားချက်တွေကြောင့်ကော မင်းထင် မနက် ဝေလီဝေလင်းကတည်းက နိုးနေသည် ။ အိမ်မှာလိုမဟုတ်ပေမယ့် ရန်ကုန်မြို့ရဲ့ မနက်ဝေလီဝေလင်းအချိန်ကလဲ အေးမြမှုအနည်းငယ် နဲ့ အစပြုတာပါပဲ ။ ခဏနေရင်တော့ ရှုပ်ယှက်ခတ်နေတဲ့ကားတွေ လူတွေကို မြင်ရတော့မှာ ။

ပြတင်းပေါက်ကို ဖွင့်လိုက်ပြီး အနည်းငယ်သာမြင်နေရသေးတဲ့ နေရောင်ခြည်နွေးနွေးကို ထိတွေ့လိုက်တယ် ။ တစ်ခါတစ်လေ ဘယ်သူ့ကိုမှဂရုမစိုက်ဘဲ ၊ ဘယ်အရာကိုမှ ဂရုမစိုက်ဘဲ ကိုယ့်ဆန္ဒတစ်ခုတည်းနောက်ကိုလိုက်ပစ်ချင်တယ် ။ ညီ့ကို ခေါ်ပြီး လူတွေနဲ့အဝေးဆုံး‌တစ်နေရာမှာ ရှင်သန်ချင်မိတယ် ။ ဒါပေမယ့် လက်တွေ့မှာကျ အမျိုးမျိုးသော အရာတွေက သူ့ကို တားနေတယ် ။

ကျွန်တော် ညီ နဲ့ မတွေ့ခဲ့ရင် .....
ညီ့ကို ညီတစ်ယောက်လို မမွေးစားခဲ့ရင် .....
ကျွန်တော်သာ သတ္တိရှိခဲ့ရင် .....

ကျွန်တော်မသိတော့ ။ ဘာဆိုဘာမှကိုမသိတော့ ။ ကျွန်တော့်လုပ်ရပ်တွေကမှန်လား ။ ညီ့ဘက်က ကြည့်ရင်တော့ သိပ်ကိုမှန်တာပေါ့ ။ ဒါဆို ကျွန်တော့်အတွက်ကရော ????

တော်ပါပြီလေ ညီ့အတွက် မှန်ရင် ရပါပြီ ။

မနက် ၈ နာရီ ။

အစည်းဝေးတက်ဖို့ အသင့်ပြင်ပြီး လိုအပ်တဲ့စာရွက်စာတမ်းတွေ ထည့်ကာ ထမင်းစားခန်းထဲဆင်းလာလိုက်တယ် ။ ညီ က ထုံးစံအတိုင်း အိပ်ရာထဲက လူးလဲထနေမလား ။ ရေချိုးခန်းမှာ ဘေစင်ကို လက်ထောက်ပြီး ပြန်အိပ်ငိုက်နေမလား ။ ရေချိုးပြီးလို့ပဲ မှန်ရှေ့မှာ နာရီဝက်လောက်အချိန်ကုန်နေမလား မင်းထင်မသိ ။ ဒီနေ့တော့ ညီ့ ကို အခန်းထဲထိဝင်ပြီး နှိုးတာမျိုးမလုပ်ချင်ခဲ့ပါ ။

မင်းထင် သတင်းစာဖတ်ရင်း ကိတ်မုန့်တစ်ချပ်ကို ကိုင်ကာစားမည်ပြုစဉ် လှေကားက အသံကြောင့် ခေါင်းမော့ကြည့်လိုက်သည် ။ ထမင်းစားခန်းကနေ လှမ်း‌မြင်နေရတဲ့ လှေကားပေါ်က ဆင်းလာတဲ့ ညီ ။

ကျက်သွေးရောင် suit ကို ဝတ်ထားပြီး အပေါ်ထပ်ကုတ်ကို လက်မှာ ချိတ်ထားကာ ဆံပင်တွေကို သပ်တင်နေတဲ့ ညီ ။

အထွန်း / အထြန္း ( Completed )Where stories live. Discover now