အပိုင်း ၅၈ / အပိုင္း ၅၈

7.8K 785 42
                                    

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဆိုတဲ့ ဆိုင်းဘုတ်ကို ကျော်ပြီး Taxi Stan ဆီ လျှောက်နေတဲ့ကျွန်တော့်ခြေလှမ်းတွေက အရမ်းကို တက်ကြွလွန်းနေတယ် ။ ရင်ထဲမှာစိုးရိမ်မှုတွေအပြည့်နဲ့ မောင်ရှိရာအရပ်ကို ရှေးရှုလျက် ။

တစ်နာရီကျော်လောက်ကားစီးအပြီး မောင့်ရဲ့အိမ်ရှေ့ကိုဆိုက်ရောက်ခဲ့ပြီ ။ ကားပေါ်ကအမြန်ဆင်းပြီး Bell တီးလိုက်တော့ လူတစ်ယောက်ထွက်လာတယ် ။

" ဘယ်သူနဲ့တွေ့ချင်လို့လဲ "

" အထွန်း အာ မဟုတ်ဘူး ဉာဏ်မင်းမောင် "

" သခင်လေးတို့ မရှိပါဘူး မူဆယ် က အိမ်မှာပါ "

" ဟင် ဟုတ်လား "

" ဟုတ်ကဲ့ ဗျ "

" မူဆယ်အိမ်လိပ်စာပေးလို့ရမလား ကိုယ်က ဉာဏ်မင်းမောင် အသိပါ "

" ကျွန်တော် ဒီက အကို ကို သိပါတယ် သခင်လေးရဲ့ ချစ်သူ မလား "

" ကျွန်တော့်ကိုသိတာလား "

" ဟုတ်ကဲ့ ခြံထဲက ပါတီမှာတုန်းက တွေ့ဖူးတယ်လေ အိမ်ထဲဝင်ပါ လိပ်စာပေးလိုက်ပါမယ် "

" မဝင်တော့ဘူးဗျ ကျွန်တော် တစ်ခါတည်းတန်းသွားမှာမို့လို့ပါ "

" ဪ ဟုတ်ကဲ့ဗျ "

ကောင်လေးပြောပြတဲ့လိပ်စာကို ဖုန်းမှာ ချရေးလိုက်ပြီး မူဆယ်ကို ချက်ချင်းလိုက်ဖို့ အဝေးပြေးကို ဆင်းရမည် ။

မောင် ကျွန်တော့်ကိုမြင်ရင် အဆင်ပြေပါ့မလား ။ ခွင့်လွှတ့်ပါမလား ။ အတွေးပေါင်းစုံနဲ့ပါပဲ ။

_________________________________________

မင်းထင် ရုတ်တရက် လန့်နိုးသွားပြီး မျက်လုံးဖွင့်လိုက်‌မိသည် ။

" ဘယ်လိုလုပ်အိပ်ပျော်သွားတာလဲ "

ညီ့ ကိုကြည့်နေရင်း လှဲနေလိုက်တာ အိပ်ပျော်သွားခြင်းပင် ။ ဆေးအရှိန်ကြောင့်လဲပါမည် ။ ကုတင်ကိုမှီကာ ခပ်လျောလျောထိုင်ပြီး ညီ့ကိုလှမ်းကြည့်တော့ ညီ က နှစ်ယောက်ထိုင် ဆက်တီခုံပေါ်မှာ အိပ်ပျော်နေလေရဲ့ ။ အဲကွန်းကြောင့်ထင် ညီ က လက်ကိုပိုက်ကာ ခြေထောက်ကိုလဲကွေးထားသည် ။ အိပ်ပျော်တာကြာနေပြီထင်သည် ။ နှုတ်ခမ်းလေးက ဟ နေသည် ။ ချက်ချင်းအငွေ့ပျံပြီး ဝင်သက်ထွက်သက်တိုင်းမှာ ညီ့ နှာခေါင်းထိပ်လေးကိုဖြတ်သွားခွင့်ရတဲ့ လေ လေးသာ ဖြစ်ချင်မိတော့တယ် ။

အထွန်း / အထြန္း ( Completed )Where stories live. Discover now