တိတ်ဆိတ်နေတဲ့ကားပေါ်က လေထုကို မဟာ ကပဲ စတင်ဖြိုခွဲလိုက်သည် ။
" မင်းက ဘယ်လိုလုပ် ကလောကို ရောက်နေတာလဲ သော် "
" ကိစ္စတစ်ခုရှိလို့ လွန်ခဲ့တဲ့ ၂ ရက်က ရောက်နေတာ ကလောကို မဟုတ်ပါဘူး အောင်ပန်းမှာပါ "
" ငါ့ကိုတောင် ဖုန်းတွေဘာတွေမဆက်ဘူး "
" ညားကာစ လင်မယားကို ဖုန်းဆက်ပြီး ဘာလုပ်ရမှာလဲ "
" အေးပါ ဒါနဲ့ အလုပ်ကိစ္စတဲ့လား မင်းက ဘာအလုပ်လုပ်နေတာလဲ "
" ဒီလိုပါပဲ ဟိုဟာလိုလို ဒီဟာလိုလိုပါပဲ "
" မင်းလဲ အလုပ်တစ်ခုတော့လုပ်သင့်ပြီ "
" အဲ့တာတော့ဟုတ်တယ် အရင်ကတော့ ဆရာဝန်တစ်ယောက်ကို ရမယ်ဆိုတော့ ထိုင်စားမလို့ပဲ အခု သူများနောက်ပါသွားပြီဆိုတော့ ကိုယ့်ဘာသာ အလုပ်ရှာရမှာပေါ့ "
" သော် !!!! မင်း ဘာဖြစ်နေတာလဲ "
" ငါ ခုနပြောသလိုပဲလေ လူတွေကပြောင်းလဲတတ်တာငါသိတယ် ဒါပေမယ့် မင်းမပါလောက်ဘူးထင်ခဲ့တာ "
" သော် မင်း ငါ့ကို ဘာပြောခဲ့လဲမှတ်မိလား "
" မှတ်မိတာပေါ့ "
" ဟုတ်လား ဘာပြောခဲ့တာလဲ "
" ငါယောကျာ်းတွေကို မကြိုက်ဘူး လို့ပြောခဲ့တာ "
" ဟုတ်တယ် မင်းငါ့မျက်လုံးကို တည့်တည့်ကြည့်ပြီး ပြောခဲ့တာ "
" ငါကယောကျာ်းတွေကို မကြိုက်ဘူးပြောတာလေ မဟာအာကာ ကို မချစ်ဘူးလို့ ငြင်းခဲ့တာမှမဟုတ်တာ "
" တော်ပြီ သော် ဆက်မပြောသင့်တော့ဘူး "
" မင်းသွားတဲ့နေရာက New York လဲမဟုတ်သလို Korea လဲ မဟုတ်ဘူးလေ တောချိုအုံကြားသွားပြီး ဒီလို တောသားတစ်ယောက်ကို ကောက်ယူလိုက်မယ်လို့ ငါကဘယ်ထင်မလဲကွ အဲ့တာကြောင့် မင်းကို လွှတ်ပေးလိုက်တာ "
" တော်စမ်းပါကွာ "
" ငါမေးမယ် မဟာ အဲ့အချိန်ကသာ ငါမင်းကို မသွားဖို့ပြောခဲ့ရင် မင်း ဘာလုပ်မလဲ "
မဟာ ခဏလောက်တောင် မစဉ်းစားဘဲ ပြန်ပြောခဲ့တာက
" အဲ့တုန်းကဆိုရင်တော့ ငါ မသွားဖြစ်လောက်ဘူး "