မဟာ ရေချိုးပြီးတက်လာသည်အထိ ဂျစ်တူး က ငါးကိုင်လို့မပြီးသေး အဲ့ရင်ခွဲခံထားရတဲ့ ငါးတွေနဲ့ နေရာချင်းတောင် လဲလိုက်ချင်သည် ။ တကယ်တည်း မပြောချင်ဘူး ။
" ဂျစ်တူး ကြာဦးမှာလား "
" ပြီးခါနီးပါပြီ ဘာလို့တုန်း "
" ရေချိုးဖို့လေ အရမ်းနောက်ကျနေမှာ "
" မကျပါဘူး ရတယ် ရတယ် မြန်မြန်အကျီသွားဝတ် "
" ဪ ကိုယ့်ကိုကျ စိတ်ပူတယ် ဂျစ်တူး ကိုကျ မပူနဲ့ အဲ့လိုပေါ့ "
" ကိုကိုး ကို စိတ်ပူတာမှန်တယ် ဒါပေသည့် ကိုကိုး ကို စိတ်ပူတာက ဒီလောက်ပိစိလေး ကိုယ့်ကိုကိုယ် စိတ်ပူတာက ရှစ်လက်မလောက်ရှိတယ် "
စကားလှမ်းပြောနေတဲ့ ဂျစ်တူး ရဲ့ အကြည့်က မဟာ့အောက်ပိုင်းကို ရောက်တော့မှ ဘာကိုဆိုလိုလဲ နားလည်သွားတော့သည် ။
" အားးး ဂျစ်တူး ညစ်ပတ်ကောင် အစုတ်ပလုပ် အညာသား မဟုတ်တာ အကုန်တတ်တယ် "
" တတ်တယ်ဗျို့ ဒီ့ထက်ပိုတတ် စမ်းမလား ကိုကိုး "
" တော် တော် တင်မောင်ထွန်းညို ပေါက်ကရ တစ်သိန်း နှစ်သောင်း ထိုင်ပြောမနေနဲ့ ရေချိုးဖို့လုပ် "
" တခြားဟာပဲ လုပ်မလား လို့ "
" ဂျစ်တူးးးး "
" ငါးနှပ်တာကို ပြောတာလေ ကိုကိုးကလဲ လျှောက်ပြီးစိတ်ကူးတွေယဉ်နေ "
ဒီအညာသားစုတ်ကိုတော့ ဂုတ်က ကိုင်ပြီး ဆွဲ နမ်းရရင်တော့ဖြင့် ငါပဲခံရဦးမယ် ။ လွှတ်ထားလိုက်ပါမယ်လေ ။
ဂျစ်တူးရေချိုးပြီးဖို့ကိုထိုင်စောင့်ရင်း မမွှေးတတ်မွှေးတတ်နဲ့ မီးမွှေးရသေးသည် ။ အဲ့အချိန်မှာပဲ ကိုလင်း ပြန်ရောက်လာရော ။
" မဟာ မီးမွှေးလို့ပါလား ဘာလို့လဲ "
" ဟို ငမွှေထွန်း နဲ့ ငါးကင်မလို့ ကိုလင်း ကိုလင်းရော နှင်းနုတို့အိမ်က ပြန်လာတာလား "
" ဟုတ်တယ် ညစာစားပြီးကြပြီလား "
" ဟင့်အင်း ငါးကင်ပြီးမှစားမှာ "
" အေးအေး ဘီယာလေးပါ ချကြမလား "
" အာ ကိုလင်းကလဲ ကျွန်တော်မှ မသောက်တတ်တာ "