အပိုင်း ၂၉ / အပိုင္း ၂၉

7.5K 936 110
                                    

ကျုပ်တို့ရဲ့ခေါင်းဆောင်ဟုခေါ်သော လူကြီးကြီး က ကျုပ်ကို အဝတ်အစားလဲခိုင်းပြန်သည် ။ လက်ထဲထိုးထည့်ပေးလာတဲ့ အကျီ နဲ့ ဘောင်းဘီတစ်ထည် အပြင် ဦးထုပ်တစ်လုံးနဲ့လွယ်အိတ်တစ်လုံးလဲ ပါသေးတယ် ။

" ကျုပ် ထပ်လဲရမှာလား "

" အေးပေါ့ကွ မင်းကို ဘယ်သူက အလုပ်လုပ်ရင်း ဝတ်ထားတဲ့အကျီနဲ့ သူတို့အရပ်ကို ခေါ်ချင်မှာလဲ လဲလိုက် "

အလုပ်လုပ်တယ်ဟုသာပြောတာ ရွာကလို ကောက်စိုက် ၊ နုန်းထဲ ဂဏန်းနှိုက်သလိုမဟုတ် ။ အေးအေးအခန်းကြီးထဲ ထိုင်နေရုံပင်ကို အလုပ်လုပ်တယ်တဲ့လား ။

အထွန်းလဲ အခန်းထဲ ဝင်ပြီး အကျီနဲ့ဘောင်းဘီကို လဲရပြန်သည်။ အခုချိန်ထိတော့ ညနေက အရိုက်ခံထားရတာကလွဲရင် ဘာမှ အနာတရမဖြစ်‌သေး ။

ယူလာပေးတဲ့အကျီက သာမန် အကျီပါပဲ လိမ္မော်ရောင် နုနုလေး ကို ဘောင်းဘီအမဲ ဒူးလောက်လေးနဲ့ ။ ဦးထုပ်အမဲကိုဆောင်းကာ လွယ်အိတ်ကို မလွယ်မိဘဲ လက်ကကိုင်လျက် အထွန်း ပြန်ထွက်လာတယ် ။

" ပြီးပြီလား သွားမယ် "

ကျုပ်က ကျုပ်မဟုတ်သလိုပင် ။ ဘယ်သွားရမလဲ ဆိုတာလဲ မမေးမိသလို ဘာလဲ ၊ ဘယ်နေရာလဲ ၊ ဘာလုပ်ရမှာလဲ ဘာတစ်ခုမှ ကျုပ်မမေးမိပါ ။ ကျုပ် ဘဝကို ဘယ်လိုဖြတ်သန်းရမလဲ လဲ ကျုပ်မသိပါ ။ ဘဝ တဲ့လား ။ ကျုပ်မှာ ဘဝရှိသေးတာလား ။ ယောကျာ်းတစ်ယောက်ကို ယူမိတဲ့ ယောကျာ်းတစ်ယောက်မှာ ဘဝ ရှိသေးတာလား ။

" ဒါနဲ့ မင်းက အသစ်ဆိုတော့ အရင်က အတွေ့အကြုံရှိရဲ့လား "

" ဘာအတွက် အတွေ့အကြုံလဲ "

" ဒီအလုပ်အတွက်လေ "

" ကျုပ်အခုထိ ဘာအလုပ်မှန်းကို သေချာမသိဘူး "

" မင်းအခုသွားမယ့်နေရာမှာ မင်းကို ခေါ်တဲ့သူနဲ့ အတူနေရမှာလေ လင်မယားလိုပေါ့ "

" လင်မယားလို !!! "

" ဟုတ်တယ် "

လက်ထဲမှာကိုင်ထားတဲ့ လွယ်အိတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း စဉ်းစားမိတာက သူ့ရဲ့ အိမ်ထောင်သည်ဘဝ ။ သူတို့လင်မယားလိုဘယ်လိုနေခဲ့လဲ ။ မိုးလင်းတာနဲ့ မနက်စာ ပြင်ပေးတတ်တဲ့ ယောကျာ်းဖြစ်သူ ၊ လိုချင်တာအကုန်လုပ်ပေးတဲ့ ယောကျာ်းဖြစ်သူ ၊ ရုပ်ရှင်တွေထဲကလို စကားလှလှတွေပြောတတ်တဲ့ ယောကျာ်းဖြစ်သူ နောက် ဒီမှာရောင်းစားခဲ့တဲ့ ယောကျာ်းဖြစ်သူ ။

အထွန်း / အထြန္း ( Completed )Where stories live. Discover now