အပိုင်း ၃၆ / အပိုင္း ၃၆

7.3K 914 42
                                    

မနေ့ညထဲက ညီ့ကို သွားမတွေ့ဖြစ်‌တော့တာ ဒီနေ့ပြန်ရမယ့်နေ့ဖြစ်နေတာတစ်ကြောင်း ၊ ညီ အဆင်ပြေရဲ့လားသိချင်တာကတစ်ကြောင်း ညီ့ကို စောစောနှိုးဖို့ ညီ့ အခန်းထဲ ဝင်လာမိသည် ။ ညီက ကုတင်ပေါ်မှာမရှိတာကြောင့် စောစောနိုးပြီး ရေချိုးနေတယ်အထင်နဲ့ ထိုင်စောင့်နေသော်လည်း ရေချိုးခန်းထဲက အသံမကြားရ ။ တံခါးဖွင့်ကြည့်တော့ ညီ က ရှိမနေ ။

မင်းထင် တစ်ကိုယ်လုံးပြာကျသွားသလိုပင် ။ ဟင့်အင်း ညီ ဘယ်ရောက်သွားတာလဲ ။ ညီ ... ညီ ထွက်သွားတာလား ။ ကိုယ့်ကို မထားခဲ့ဘူးဆို ။ ညီ ရော ..... ညီ ။

မင်းထင် ‌အောက်ထပ်ကိုအပြေးဆင်းလာပြီး အဒေါ်ကြီးကိုမေးရမည် ။

" အဒေါ်ကြီး ညီရော ညီ ဘယ်သွားလဲ "

" သခင်လေးက အပြင်ခဏသွားမယ်လို့ မှာသွားပါတယ် သခင်ကြီး "

" ဟို ဘာတွေပါသွားသေးလဲ "

" ရှင် "

" ဟိုဗျာ အထုတ်တွေဘာတွေယူသွားတာတွေ့မိလား အဝတ်အစားကရော ဘယ်လိုပုံစံလဲ "

" ပုံမှန်ပါပဲ သခင်ကြီး ဘာအထုတ်မှ မပါပါဘူး ဖုန်းကိုင်ထားတာပဲတွေ့ပါတယ် သခင်ကြီး "

" ဟုတ်ဟုတ် ရပြီ အဒေါ်ကြီး အလုပ်သွားလုပ်တော့ "

" ဟုတ်ကဲ့ "

မင်းထင် သက်ပြင်းချပြီး အပေါ်ကိုပြေးတက်ကာ အခန်းထဲဝင်ပြီး ဖုန်းဆက်ရသည် ။

" ဟယ်လို အကို "

ဟူး ..... တော်သေးတာပေါ့ ။ ညီ ဖုန်းကိုင်လို့ ။

" ညီ့ကိုမတွေ့လို့ "

" ကျွန်တော်အပြင်ခဏထွက်တာပါ အကို လေညှင်းခံရအောင် "

" အင်းပါ ကိုယ်က နိုးတော့ ညီ့အခန်းထဲမှာ ညီ့ကို မတွေ့လို့ "

" ကျွန်တော် ခဏနေ ပြန်လာပါမယ် "

" အင်းပါ ညီ ဂရုစိုက် "

" ဟုတ် "

အခုမှပဲ သက်ပြင်းချပြီး စိတ်ချနိုင်တယ် ။ ကိုယ့်မှာ အရူးမီးဝိုင်းဖြစ်ခဲ့တာကို ပြန်တွေးမိပြီး ရီလဲရီချင်လာသလို ငိုလဲငိုချင်လာတယ် ။ တကယ်သာ ညီ ထွက်သွားမယ့်နေ့ကျရင် ဘယ်လိုများ ဘယ်လိုများ ရပ်တည်ရပါ့မလဲ ။

အထွန်း / အထြန္း ( Completed )Where stories live. Discover now