အပိုင်း ၃၂ / အပိုင္း ၃၂

7.1K 886 70
                                    

ဧည့်ခန်းရဲ့ အလယ်တည့်တည့်က ခုံမှာ ခြေထောက်ချိတ်ထိုင်ကာ ဆေးလိပ်တစ်လိပ်ကို ဖွာရှိုက်ရင်း အံကိုကြိတ်ကာ ရှေ့မှာ ဒူးထောက်ထိုင်နေတဲ့ လူကို အစူးရှဆုံး အကြည့်နဲ့ ကြည့်ရင်း

" ပြောလေ ဘယ်ရောက်သွားတာလဲ လို့ "

" ဟို ဟို ကျွန်တော်မှားပါတယ် ကျွန်တော့်ကို ခွင့်လွှတ်ပါ "

" ခွင့်လွှတ်ရမှာလား မင်းက အကို့ထမင်းကိုစား အကို့အရိပ်ကိုခိုပြီး အကို့ကို နောက်ကျောဓားနဲ့ထောက်နေတာလေ "

" ကျွန်တော်မှားသွားပါတယ် "

" ယောကျာ်းမလား မှားရင် ခံရမယ် လုပ်ရဲရင် လဲ ခံရဲရမယ် မင်း ဒါကိုမလုပ်ခင်ကတည်းက ဉာဏ်မင်းမောင် ကို မြင်ယောင်သင့်တာ အခုတော့ နောက်ကျသွားပြီ "

ခုံပေါ်မှာ ခြေချိတ်ထိုင်ကာ ပါးစောင်ကို လျှာနဲ့တစ်ချက် ထိုးပြီး စားပွဲခုံပေါ်က ဝိုင်ပုလင်းနဲ့ အရှေ့က သစ္စာဖောက်ကို တစ်ချက် ရိုက်ချလိုက်သည် ။ ခွမ်း ဆိုတဲ့အသံနဲ့အတူ ဝိုင်ရဲ့ အနီရောင်အဆင်းအရည်တွေရော ပုလင်းအကွဲစတွေရော ထိုလူ့ရဲ့သွေးတစ်ချို့ရော ကြမ်းပြင်မှာ ပွလျက် ။

" ညီ !!!! "

ဉာဏ်မင်းထင် အသံကြောင့် အခန်းထဲက လူတွေအကုန် ငြိမ်ကျပြီး ရှိတယ်တောင်မထင်ရတော့ပေ ။

" ခေါ်သွားလိုက် "

" ဟုတ် သခင်ကြီး "

ညီ ကတော့ ခုံမှာပြန်ထိုင်ပြီး ခြေထောက်ချိတ်ထားကာ စီးကရက်တစ်လိပ်ကို ဖွာရှိုက်နေလေရဲ့ ။

" ညီ ကိုယ် ညီ့ကို ဒီလိုတွေမလုပ်ဖို့မှာထားတယ်မလား "

" ဒီကောင် ဘာလုပ်လဲ သိလား "

" ကိုယ် သိ တယ် ဒါပေမယ့် ညီ လုပ်ရမယ့်အရာမဟုတ်ဘူး "

" ဘာလဲ ကျွန်တော်က လူတွေကိုနှိပ်စက်ရတာ ကြိုက်တယ်လို့ထင်နေတာလား "

" ညီ ကိုယ်ပြောနေတာ တခြားတစ်ခုနော် "

ညီ က ဆေးလိပ်ငွေ့တွေကို မှုတ်ထုတ်လိုက်ပြီး ခေါင်းကိုစောင်းကာ ကျွန်တော့်ကိုကြည့်သည် ။ ကျွန်တော်မုန်းသည့်အဲ့အကြည့်တွေ ။ မျက်လုံးဝိုင်းလေးက ကျရောက်လာတဲ့ အေးစက်စက် အကြည့်တွေနဲ့ နှုတ်ခမ်းတစ်ဖက်ထဲကိုသာ ရွဲ့ပြီး ပြုံးတတ်တဲ့ အပြုံး ။

အထွန်း / အထြန္း ( Completed )Where stories live. Discover now