မောင် မရှိဘဲ နှစ်ပေါင်းများစွာနေခဲ့ပေမယ့် အခုရက်ပိုင်း မောင် မရှိဘဲ မနေတတ် ၊ ညစာမစားတတ်တော့ ။ အခုလဲ အလုပ်ပင်ပန်းပြီး အပေါ်ကိုရောက်ရင်လဲ တစ်ယောက်ထဲပျင်းစရာကောင်းလွန်းလှသော ညစာစားခြင်းအမှုကို အထီးကျန်စွာပြုလုပ်ရပေဦးမည် ။ Door Lock ကိုဖွင့်ပြီး အိမ်ထဲဝင်လိုက်တော့
" ဟော ကိုကိုး ပြန်လာပြီ "
မောင် က ညဝတ်ဝမ်းဆက်လေးနဲ့ အအေးခွက်လေးကိုင်ပြီး ရပ်နေတာ ။
" မောင် ဘယ်ကနေ ဘယ်လိုဝင်လာတာလဲ "
" ကိုကိုး အိမ်သော့လေ "
" အာ !!! ဟုတ်သားပဲ "
" အင်း "
" ပြောပါဦး ဘယ်ကိုပျောက်သွားတာလဲ "
" ဟင့်အင်း ဘယ်မှမပျောက်ဘူး ကိုကိုးနားမှာပဲရှိမှာ ပြီးတော့ ကိုကိုးတစ်ယောက်ထဲပဲရှိတော့တာ "
ကျွန်တော့်ရင်ခွင်ထဲပစ်ဝင်ပြီး ချွဲနေတဲ့ မောင် ။ ကလေးလေးကျနေတာပဲ ။ ကျွန်တော့်ထက်လူကောင်ကြီးပြီး ကလေးလို ခေါင်းကို ဝှေ့ပြီး ချွဲနေတာ ။
" ဘာတွေအဲ့လောက်ချွဲနေလဲ မောင် "
" ချစ်လို့လေ ချစ်လို့ အများကြီးချစ်လို့ "
" အမလေးးဗျာ ဟုတ်ပါပြီ ထိုင်ပါရစေဦး "
" အင်းအင်း လာလေ "
" အမေ့ ..... "
မောင် ပွေ့ချီလိုက်တာကြောင့် လန့်သွားရသည် ။ မောင် က ချီပြီး ဧည့်ခန်းက ခုံပေါ်မှာ ထိုင်လိုက်တော့ ထိုင်ခုံပေါ်ရောက်တာတောင်မောင်က ချီထားတုန်းပဲ ။
" မွှေးနေတာပဲ ဘာတွေချက်ထားတာလဲ မောင် "
" ကြက်ချိုချဉ်ရယ် အစိမ်းကြော်ရယ် နောက် ဟင်းချိုရယ် "
" ဗိုက်တောင်ဆာလာပြီ "
" အင်း မောင်က ကိုကိုးကို ညစာချက်ကျွေးတယ်နော် "
" အင်း အဲ့တော့ "
" ညကျရင် ကိုကိုးက ညစာကျွေးရမယ် "
" မောင် !!!! "
ရင်ဘတ်ကို ရိုက်ပြီး ကိုယ်ပေါ်က ခုန်ဆင်းသွားတဲ့ ကိုကိုး ။ အခန်းထဲပြေးဝင်သွားလေရဲ့ ။