အပိုင်း ၉ / အပိုင္း ၉

13.6K 1.9K 69
                                    

မနက်ပိုင်းလာပို့တဲ့ မနက်စာကို စိတ်မပါစွာစားနေရင်း အထွန်းလာတာကို စောင့်နေမိတယ် ။ ကိုးနာရီအတိအကျ သူရောက်လာမှာပဲလေ ။ ခြံဝ ကို မသိမသာ မျှော်ကြည့်ရင်း ကိုးနာရီထိုးဖို့ စောင့်နေလိုက်တယ် ။

“ အထွန်း !!! အထွန်း !!!! ထ တော့ မင့် ဆရာလေးကို ဟိုဘက်ရွာပို့ရဦးမယ်လေ ကိုးချက်တီးတော့မယ် ”

“ ဟာဗျာ အဘကလဲ အိပ်ကောင်းတုန်းကို ”

“ မင်းအခု ထ မလား ငါ တက်လာရမလား ”

“ ထပြီ ထပြီ စောင်တောင်ခေါက်နေပြီ အခန်းပြင်ထွက်လာပြီ ”

တကယ်တော့ အခုထိ စောင်ပုံထဲမှာ ။ ပျင်းရိပြီး ထ လာကာ ရေဆင်းချိုးရသေးသည် ။ ဆိုင်ကယ်မောင်းရမည်ဖြစ်၍ ဘောင်းဘီတိုနဲ့တီရှပ်ကိုသာ ဝတ်လိုက်ပြီး အိတ်လွယ်ကာ ဆရာလေးတို့ ဝိုင်းကို ထွက်လာလိုက်တယ် ။

“ ဆရာလေး ဗျို့ ဆရာလေး ကျုပ်ရောက်ပြီ ”

နာရီကို လှမ်းကြည့်တော့ ကိုးနာရီခွဲ ။

“ ခင်ဗျားလေး အိမ်မှာ နာရီရှိလား ”

“ ဟုတ်ကဲ့ ရှိတယ်ဗျာ့ ဆရာလေးဆီမရှိလို့လား ကျုပ်ပြေးကြည့်လိုက်မယ်လေ ”

“ ခင်ဗျားလေး နောက်ကျနေလို့ရွဲ့ပြောတာ သွားမယ် ”

“ ကိုလင်းရေ ကျွန်တော်သွားပြီ ”

“ အေး‌အေး မဟာ ”

ဆိုင်ကယ် နောက်ကို တက်လိုက်တော့

“ ဆရာအာကာ ကျုပ်ခါးကိုင်ထားနော် ”

“ ဘာကိစ္စကိုင်ရမှာလဲ "

" ပြုတ်ကျမှာဆိုးလို့ဗျ ကျုပ်က အမြန်မောင်းမှာ "

မဟာ မကိုင်ဘဲ ကိုယ့်ဒူးခေါင်းနေရာတွင်သာ လက်ကို တင်ထားလိုက်သည် ။ ဆိုင်ကယ်လဲ စ ထွက်တော့ ငမွှေထွန်းက လေယာဉ်မောင်းသလိုမောင်းနေသည် ။

“ ဖြေးဖြေးမောင်းပါ ခင်ဗျားလေးမောင်းနေတာ ဆိုင်ကယ်နော် "

" သိပါတယ်ဗျာ့ "

" သိရင် ဖြေးဖြေးမောင်း ‌"

" ဆရာအာကာ ကြောက်လို့လား "

" ဖြေးဖြေးဟ "

မြေနီလမ်းက ခဲတွေကြောင့် ဂလုံးဂလုံးဖြစ်နေတဲ့အပြင် လေယာဉ်လိုမောင်းတာကြောင့် ဆိုင်ကယ်တသ်ခုလုံးခါရမ်းနေသည် ။ မဟာ တဖြေးဖြေးနဲ့ ဒင်းရဲ့ ခါးကို လက်နှစ်ဖက်နဲ့ကျစ်ကျစ်ပါအောင် ဖက်ထားလိုက်သည် ။

အထွန်း / အထြန္း ( Completed )Where stories live. Discover now