အပိုင်း ၅၅ / အပိုင္း ၅၅

7.4K 799 122
                                    

တရွေ့ရွေ့နဲ့လှုပ်လှုပ်ရှားရှားသွားနေကြတဲ့လူတွေ ။ တစ်ချို့က အပျော်တွေနဲ့ပွေ့ဖက်နေကြတယ် တစ်ချို့ကျ မျက်ရည်စတွေနဲ့ ပွေ့ဖက်ကြတယ် ။ ညာဘက်မှာရှိတဲ့ Departure LED Board ကိုကြည့်မိတော့ လေယာဉ်ထွက်ဖို့က နာရီဝက်ကျော်သာ လိုတော့သည် ။ လေဆိပ်ဝင်ပေါက်အဝကို ငေးရင်း ကြည့်နေမိတယ် ။

ကျွန်တော့်လုပ်ရက်တွေမှန်တယ်မလား ။ ကျွန်တော့်ကြောင့် ကျွန်တော်ချစ်ရတဲ့သူကြောင့် ကျွန်တော့်အဖေသေဆုံးခဲ့ရတယ် ။ ကျွန်တော့်ရဲ့အမေအတွက် ကျွန်တော်သူ့ကိုစွန့်ပစ်ခဲ့တယ် ။ ကျွန်တော်လား သိပ်ချစ်တာပေါ့ ။ ဒါပေမယ့် ဘဝတစ်ခုကိုလျှောက်လှမ်းတဲ့အခါ အချစ်က အဓိက မကျသင့်ဘူးဆိုတာကို လောကြီးက တစ်ကြိမ်တစ်ခါသင်ပေးခဲ့ပြီးပြီ ။

ကိုယ်နဲ့ပက်သက်တဲ့ကောင်းသောအမှတ်ရစရာတွေကိုပဲ မောင် မှတ်ထားပါ ။ နာကျင်စရာတွေမေ့ပစ်ပါ ။ မောင့်ကိုချစ်တဲ့သူအနားမှာ တစ်သက်လုံးကျန်းကျန်းမာမာပျော်ပျော်ရွှင်ရွှင်နေထိုင်ပါ ။ ကိုယ့်ကို တသက်လုံး နာကျင်စရာတစ်ခုအဖြစ်နဲ့သာ သတ်မှတ်ပြီး နေထိုင်ပါ ။ ကိုယ့်အနေနဲ့ ကိုယ့်ရဲ့ အဖေထက် မောင့်ကိုရွေးချယ်ခဲ့ပြီးပြီ ။ ဒါပေမယ့် ကိုယ်မှားခဲ့တယ် ။ ကိုယ်နောင်တရတယ် ။ အဲ့အတွက် အခုအခြေအနေမှာ ကိုယ့်အမေနဲ့ယှဉ်ပြီး မောင့်ကို မရွေးချယ်နိုင်တော့ဘူး ။

ကိုယ်လဲမောင်နဲ့ပက်သက်တဲ့ပျော်စရာအမှတ်တရတွေကိုပဲ ယူသွားပါမယ် တသက်လုံးတော့မဟုတ်ပေမယ့်ပေါ့ ။ ကိုယ် အတတ်နိုင်ဆုံးမေ့ပျောက်ပစ်မှာပါ ။ ကိုယ့်အမေကိုစောင့်ရှောက်ဖို့အတွက် ကိုယ့်လိပ်ပြာ ကိုယ်လုံချင်တယ် ။ အဲ့အတွက် အတတ်နိုင်ဆုံး မေ့ပျောက်ပြီး နေသွားမှာပါ ။

" မဟာ သွားမယ် "

" ဟုတ် မာမီ "

ထိုင်နေတဲ့ခုံလေးကနေ ထ ကာ Immigration ကိုဖြတ်ပြီး လေယာဉ်ပေါ်ကို တက်လာလိုက်တယ် ။ ခုနက ထိုင်ခုံလေးပေါ်မှာ ကျန်ခဲ့တဲ့ ဆွဲကြိုးလေးတစ်ခုကတော့ စွန့်ပစ်ပစ္စည်းတစ်ခုလိုဖြစ်ခဲ့ပါပြီ ။ လေယာဉ်ပေါ်ခြေကျလိုက်တာနဲ့ အရာရာကို နောက်မှာချန်ခဲ့လိုက်တယ် ။ မမေ့ပျောက်နိုင်သေးတဲ့အရာတစ်ချို့ကိုတော့ အချိန်ယူပြီးမေ့ပျောက်ပါမယ် ။ ဒါ ကျွန်တော့်ရွေးချယ်မှုပါပဲ ။

အထွန်း / အထြန္း ( Completed )Where stories live. Discover now