အပိုင်း ၅၀ / အပိုင္း ၅၀

7.1K 813 88
                                    

ဝရန်တာက ခုံမှာထိုင်ပြီး လပြည့်နေ့မို့ အစွမ်းကုန်ထွန်းလင်းနေတဲ့ လမင်းကြီးကို မင်းထင်ကြည့်နေမိတယ် ။ တိတ်ဆိတ်အေးချမ်းနေတဲ့ပတ်ဝန်းကျင်အနေအထားက သူ့ကိုတော့ မအေးချမ်းစေပါ ။ သီဟ သတင်းပို့မှုကြောင့် ညီ ဒီကိုပြန်လာနေတာသူသိထားသည် ။ ညီ ဘယ်လောက်တောင်ပြိုလဲနေမလဲ ။ ညီ ကြောက်နေမှာပေါ့ သူချစ်ရတဲ့သူနားကထွက်လာရတာကို ။ အကြောင်းစုံမသိပေမယ့် ညီ ဒီကိုပြန်လာတယ်ဆိုကတည်းက တစ်ခုခုဖြစ်ခဲ့တာသေချာပြီလေ ။ မဟုတ်ရင် ဒီအခြေအနေမှာ မဟာ့ကို သူဘယ်ထားခဲ့ပါ့မလဲ ။

အပြင်ကနေတိုက်လာတဲ့လေတွေကြောင့် သီဟ က အပေါ်ထပ်အကျီကိုကိုင်ကာဘေးမှာလာရပ်နေသည် ။ သီဟကို တစ်ချက်မော့ကြည့်လိုက်ပေမယ့် အကျီကိုတော့လှမ်းမယူမိ ။

" သခင်ကြီး လေတွေအရမ်းတိုက်လာပါပြီ ဖျားနေမယ် "

" ငါကလေးမဟုတ်ဘူး သီ ဟ "

" ကျွန်တော်သိပါတယ် ဒါပေမယ့် .... "

" ဒါပေမယ့် တွေ ငါ မလိုချင်ဘူး "

သီဟ က ခြေနှစ်လှမ်းစာလောက် နောက်ဆုတ်ပြီး မင်းထင် နောက်မှာ ရပ်နေသည် ။ ငါက ဒီမှာအနွေးထည်ဝတ်ပြီးထိုင်နေပေမယ့် ညီ တစ်ယောက် ဘယ်လောက်တောင် ငိုကြွေးနေမလဲ ။ ငါအဆင်ပြေနေပေမယ့် သူအဆင်မပြေဖြစ်နေမှာလေ ။ အဲ့တော့ငါလဲ အအေးဒဏ်ခံပြီး အဆင်မပြေဖြစ်တဲ့အတိုင်းနေမယ် ။

ဒီလိုနဲ့ ည တစ်နာရီ တိတိ ။

မတ်တပ်ရပ်နေတဲ့သီဟခြေထောက်တွေကွေးညွတ်ချင်လာတယ် ။ သခင် မရပ်ခိုင်းပါဘဲ သူကိုယ်တိုင်ကိုက စိတ်ပူတာကြောင့် စောင့်နေပေးခြင်းသာ ။ အချိန်နာရီတွေသာ ကုန်သွားတယ် ။ သခင်က လမင်းကြီးကို ငေးနေတုန်း ။

လမင်းကိုတောင် အားကျတယ် ။ သခင့်အာရုံစိုက်မှုတွေကို ရရှိထားလို့ ။ သီဟတွေးနေတုန်းမှာ တိတ်ဆိတ်မှုတွေကိုဖြိုခွဲလိုက်တဲ့ ကားဟွန်းတီးသံကြောင့် သခင့်ကျောဟာ မတ်သွားပြီး ခြံထဲကို ငေးနေလေရဲ့ ။ သိတာပေါ့ သခင်ဟာ သခင်လေးကို မျှော်နေခဲ့တာ ။

ခဏကြာတော့ အပေါ်ထပ်ကို တက်လာတဲ့ခြေသံတစ်ခု ။ လှေကားထိပ်မှာ ရပ်ပြီး သခင့်ကို လှမ်းကြည့်နေတဲ့ သခင်လေးဟာ မြင်တာနဲ့တင် ပင်ပန်းနွမ်းနယ်နေပုံပင် ။ သီဟ အလိုက်တသိနဲ့ အောက်ထပ်ကိုသာ ဆင်းလာခဲ့လိုက်တယ် ။

အထွန်း / အထြန္း ( Completed )Where stories live. Discover now