အခန်း(၁) ဘာလို့လဲ

6.2K 445 1
                                    

အခန်း(၁) ဘာလို့လဲ

ချင်းရွှမ်တိုက်ကြီးအတွင်း တုန်းဟွာနိုင်ငံအတွင်းရှိ ရဲ့မြို့တော်မှနှစ်မိုင်အကွာ မွန်းစတားများဖိစီးသောင်းကျန်းတဲ့ သစ်တောတစ်ခုအတွင်းတွင်...

“ဒါက အရမ်းအဓိပ္ပာယ်မဲ့လွန်းတယ်။ ဒီလိုကတော့အရမ်းကို များသွားပြီ။”

“ဒါကသောက်ရေးမပါတာပဲ။”

“အပေါဲကကောင်းကင်ကြီးရေ ဒီလိုမျိုးစနောက်တာက ရှင့်ရဲ့ အကြံလား။”

“အနက်‌ရောင်မီးသွေးတုံး”လေးတစ်တုံးက ကောင်းကင်ကြီးကို လက်ညိုးညွှန်ကာ ခါးပေါဲလက်တင်ထားရင်း မြေပြင်ကိုခြေဆောင့်ပြီးတော့ ကျိန်ဆဲနေခဲ့တယ်။

ရုတ်တစ်ရက် မိုးကြိုးတစ်စင်းက ထိုမီးသွေးတုံးလေးရှိရာဆီသို့ လျှပ်တစ်ပြက် ကျရောက်လာခဲ့သည်။ မီးသွေးတုံးလေးက စွေ့စွေ့ခုန်ပြီးတော့ ဘေးနားက သစ်ပင်ပေါဲသို့ လျှင်မြန်စွာခုန်တက်လိုက်သော်လည်း လျှပ်စီးတန်းက သူ့မှာမျက်စိပါလာသကဲ့‌သို့ ဦးတည်ရာပြောင်းလိုက်ကာ အနှီမီးသွေးတုံးလေးကို ရိုက်ခတ်သွားခဲ့သည်။

မီးသွေးတုံးလေး သစ်ပင်ပေါဲမှ “ထပ်”ဟူသောအသံနှင့် ပြုတ်ကျသွားပြီး မြေပြင်ပေါဲမှာ သေလုခင်ခင် အားနည်းဖျော့တော့စွာ လဲ‌လျောင်းလိုက်ရသည်။

အနှီ “မီးသွေးတုံး”လေး မေ့မျောသွားတဲ့နောက် အမှန်တစ်ကယ်ကို ကောင်းကင်ပေါဲမှ လူ‌တစ်ယောက် ပြုတ်ကျလာခဲ့သည်။ ထိုလူသားက မီးသွေးတုံးလေးနဲ့ ပေဒါဇင်အနည်းငယ်လောက်အကွာအဝေးမှာ “ဗုန်း”ခနဲ ကျယ်လောင်သော အသံနှင့်အတူ မြေပြင်ပေါဲကျရောက်သွားခဲ့သည်။

အနှီ“မီးသွေးတုံးလေး” မကြာခင်မှာပဲ သတိပြန်လည်လာခဲ့သည်။ ထိုအရာလေးက အခုလေးတင် မိုးကြိုးအပစ်ခံရတာကို သတိရလိုက်မိတဲ့အချိန်မှာ ကောင်းကင်ကို ဆက်လက်ကျိန်ဆဲတော့မလို့ပင်။ စိတ်ညစ်စွာနဲ့ ထိုအရာလေးက ညင်သာစွာ မသဲမကွဲရေရွတ်လိုက်တယ်။ “နတ်ဘုရားရေ... ရှင့်ကို ကျိန်စာတိုက်ဖို့ ကျွန်မမရည်ရွယ်ပါဘူး။ ဒါပေမယ့် ကျွန်မဆိုတဲ့ ယန်ဂျူးက ခေတ်သစ်ကမ္ဘာမှာ နိမ့်ကျတဲ့ သူတောင်းစားဘ၀ကနေ အံ့ဩစရာကောင်းတဲ့ လျှို့ဝှက်အေးဂျင့်တစ်ယောက်ဖြစ်လာအောင်လို့ အခက်အခဲပေါင်းစုံကျော်ဖြတ်လာခဲ့တဲ့ လူတစ်ယောက်လေ။ အဖွဲ့အစည်းကနေ လွတ်မြောက်လာခဲ့တဲ့နောက် နောက်ဆုံးမှာတော့ ငါလေးဘ၀ကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းဖို့ အချိန်ကျရောက်လာပြီလေ။ဘာကိစ္စနဲ့ ငါလေးက မိုးကြိုးအပစ်ခံရပြီးတော့ အချိန်ကူးပြောင်းသွားပြီး အဆုံးသတ်သွားရတာတုန်း။”

ယန်မိသားစုရဲ့ ကိုးလေးက တစ်ကယ့် ပြဿနာအိုးလေးပဲ။Where stories live. Discover now