အခန်း(၁၄) အာရုံလွှဲခြင်း

1.9K 300 2
                                    

အခန်း(၁၄) အာရုံလွှဲခြင်း

ယန်ချူးဂျူးက တည်ငြိမ်တဲ့ အမူအရာကို ဆက်ပြီးထိန်းထားနိုင်တယ်ဆိုပေမယ့် သူမရဲ့ အတွင်းက နတ်ဆိုးကတော့ တစ်ဖြည်းဖြည်း မြင့်တက်လာတာကို သူမခံစားလို့ရနိုင်သည်။ သူမရဲ့ လက်ရှိဖိုးဖိုးဖြစ်သူက အရမ်းစိုးရိမ်နေရလောက်အောင် ယန်မိသားစုပိုင်ဆိုင်ထားတာက ဘယ်လိုရှားပါးရတနာမျိုးများလဲ။

ယန်ချူးဂျူးရဲ့ ညာဘက်ပခုံးပေါဲမှာ ထိုင်နေတဲ့ နတ်သမီးလေးနဲ့ ဘယ်ဘက်ပခုံးပေါဲမှာ ထိုင်နေတဲ့ နတ်ဆိုးမလေးတို့က အပြင်းအထန်ငြင်းခုံနေကြသည်။ နတ်သမီးလေးက သူမရဲ့အတောင်ပံတွေကို တဖျပ်ဖျပ်ခတ်နေရင်းနဲ့ လေးနက်စွာပြောလိုက်သည်။ “ဂျူးလေး နင်က လူကောင်းတစ်ယောက်လေ။ ပြီးတော့ သူတော်ကောင်းတရားနဲ့ပြည့်စုံတဲ့သူတစ်‌ယောက်လေ။ နင့်မှာ ကိုယ်ကျင့်တရားဆိုတာတွေ ရှိနေသေးတယ်မလား။ ယန်မိသားစုရဲ့ရတနာကို ခိုးမယ်လို့ ဘယ်လိုတောင် စဉ်းစားနိုင်ရက်ရတာလဲ။ ဒါကလုပ်ဖို့ မှန်တဲ့အရာ မဟုတ်ဘူးနော်။”

ခေါင်းပေါဲမှာ ချိုလေးနှစ်ချောင်းရှိတဲ့ နတ်ဆိုးမလေးရဲ့မျက်နှာ‌ပေါဲတွင် မရိုးဖြောင့်တဲ့အပြုံးလေးတစ်ခု ဖြတ်ပြေးသွားခဲ့သည်။ “ဂျူးလေး၊ အရာ၀တ္ထုတွေဆိုတာ အသုံးပြုဖို့အတွက်ပဲ တည်ရှိနေတာမဟုတ်လား။ နင်ကလည်း ယန်မိသားစုရဲ့ တစ်စိတ်တစ်ပိုင်းပဲ မဟုတ်ဘူးလား။ ဘာလို့ နင်က ရှားပါးရတနာရဲ့ ပိုင်ရှင်မဖြစ်နိုင်ရမှာလဲ။ နင့်လိုမျိုး ဉာဏ်ကောင်းတဲ့သူသာ အဲ့ဒါကို ကောင်းကောင်း အသုံးချနိုင်မှာ”

ယန်ချူးဂျူးက အံကြိတ်လိုက်ပြီးတော့ ယန်မိသားစုရဲ့ ရှားပါးရတနာကို ခိုးယူမယ့် အကြံအစည်ကို စွန့်လွှတ်လိုက်တော့တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က မူလပိုင်ရှင်ကို ကြီးပြင်းလာတဲ့အထိ စောင့်ရှောက်ပေးခဲ့တာကြောင့်ဖြစ်သည်။ ထိုသို့ လက်လွှတ်လိုက်ရမှာက သူမကို တော်တော်ရင်နာစေတယ် ဆိုပေမယ့်လည်းပေါ့။

ယန်ချူးချူးက သူမဒီရတနာကို မရနိုင်ရင်တောင်မှပဲ အခြားရတနာတွေ ရနိုင်သေးတာပဲလို့ သူမကိုယ်သူမ နှစ်သိမ့်လိုက်သည်။ တစ်နေ့ကျရင် သူမစွမ်းအားကြီးတဲ့ မိန်းကလေးတစ်ယောက် ဖြစ်လာတဲ့အခါကျ ပထမဆုံးသူမပြုလုပ်မဲ့အရာက ရှားပါးရတနာတွေ ရှာဖွေမှာပဲဖြစ်သည်။ ပြီးတော့ သူမရဲ့ ပထမဆုံးခြေလှမ်းကတော့ အဲ့ဒီမကောင်းတဲ့ကောင် ပိုင်မိုယုရဲ့ အိမ်တော်ကိုပဲ။

ယန်မိသားစုရဲ့ ကိုးလေးက တစ်ကယ့် ပြဿနာအိုးလေးပဲ။Where stories live. Discover now