အခန်း(၃၂) နှုတ်ဆက်ပါတယ် နင်တို့ကို လိုက်မပို့တော့ဘူးနော်

1.7K 251 1
                                    

အခန်း(၃၂) နှုတ်ဆက်ပါတယ် နင်တို့ကို လိုက်မပို့တော့ဘူးနော်

လူအုပ်က ယန်ချူးဂျူးသည် တစ်ကယ့်ကို ကလေးဆိုးလေးတစ်ယောက်ဖြစ်မှန်း ပြောနိုင်သော်လည်း သူတို့တွေ စိတ်မဆိုးမိကြပေ။ တစ်ကယ်တော့ သူတို့က စိတ်မဆိုးမိကြတဲ့အပြင်ကို လည်ပင်းဆန့်ပြီးတော့တောင်မှ စိတ်လှုပ်ရှားစရာကောင်းတဲ့ နှုတ်ရေးတိုက်ပွဲကို စောင့်မျှော်ကြည့်ရှုလာကြသည်။

ပိုင်မိုယုရဲ့မျက်နှာက မိုးရွာ‌တော့မယ့်တိမ်လိုမျိုး မှောင်မည်းလာခဲ့သည်။ “ယန်ချူးဂျူး ဒါကများလွန်းတယ်။ ငွေတုံးငါးသိန်းကြီးများတောင်လား။ အိမ်မက်သာ ဆက်မက်နေလိုက်”

ယန်ချူးဂျူးက အကူအညီမဲ့တဲ့ အမူအရာနဲ့ မြင်သာအောင် သက်ပြင်းချလိုက်တယ်။ “ငါကကူညီပေးချင်ရုံပါဟ။ နင်က ဒါကို ဈေးကြီးတယ်လို့ ထင်တယ်ဆိုတော့လည်း မေ့လိုက်ကြတာပေါ့။ ဘာပဲဖြစ်ဖြစ် အကြောသေနေတာက ငါမှမဟုတ်ပဲလေ။ ပိုင်မိသားစုရဲ့ လေးယောက်မြောက်သခင်မလေးက ငွေတုံးငါးသိန်းလောက်တောင်မှ မထိုက်တန်ဘူးဆိုတာ ငါမမျှော်လင့်ထားခဲ့မိဘူး။ ဘယ်လောက်တောင်မှ ဈေးပေါလိုက်သလဲ”

“ဈေးပေါတယ်? နင်ကသာ ဈေးပေါတဲ့ တစ်ယောက်ပဲ ယန်ချူးဂျူး ငါနင့်ကို ခွင့်မလွှတ်ဘူး” ပိုင်မိုယုက အရမ်းကိုပဲ ဒေါသထွက်သွားတာကြောင့် သူမရဲ့ မျက်နှာ‌က ရက်စက်ကြမ်းတမ်းတဲ့ အသွင်သို့ ပြောင်းလဲသွားခဲ့သည်။ သူမက ယန်ချူးဂျူးကို သေတဲ့အထိ ကိုက်သတ်နိုင်ပါစေလို့တောင်မှ သူမဆုတောင်းမိတယ်။

ယန်ချူးဂျူးက စိတ်အနှောင့်အယှက် မဖြစ်စွာပဲ သူမရဲ့နှုတ်ခမ်းတွေကို ကွေးညွှတ်လိုက်သည်။ “လူတွေပြောကြသလိုပဲ ခေါင်းမာတဲ့လူတစ်ယောက်ကို ဘယ်သူကမှ ကူညီမပေးနိုင်ဘူးတဲ့။ ကောင်းပြီလေ။ နင်တို့ပြန်လို့ရပြီ။ ငါနင်တို့ကို လိုက်‌မပို့တော့ဘူး။ ငါအိမ်ထဲ၀င်ပြီး ညစာသွားစားတော့မယ်”

ယန်ချူးဂျူးစကားပြောလို့ပြီးသွားပြီးတော့ အိမ်တော်ထဲ တစ်ကယ့်ကို ပြန်၀င်တော့မလိုမျိုး ဟန်ထုတ်နေတဲ့အခါ ပိုင်မို့ရု ကြောက်စိတ်၀င်လာတော့သည်။

ယန်မိသားစုရဲ့ ကိုးလေးက တစ်ကယ့် ပြဿနာအိုးလေးပဲ။Where stories live. Discover now