အခန်း(၃၉)သူမမှာသေရဲတဲ့ သတ္တိရှိတယ်လား

1.7K 270 16
                                    

အခန်း(၃၉)သူမမှာသေရဲတဲ့ သတ္တိရှိတယ်လား

ဘာဖြစ်သွားတာလဲဆိုတာကို အန်းဖန် သတိထားမိလိုက်တဲ့အချိန်တွင်တော့ သူအရမ်း နောက်ကျသွားခဲ့ပြီဖြစ်သည်။

ကောင်းကင်မှ ခရမ်းရောင်ကောင်းကင်မိုးကြိုးက ယန်ချူးဂျူး သူမကိုယ်သူမ ဘ၀င်ခိုက်တဲ့ ခံစားချက်အပြည့်နဲ့ အလုပ်များနေတုန်းတွင် သူမကို ထိမှန်သွားခဲ့သည်။

ကောင်ကင်မိုးကြိုးမှ ကြွင်းကျန်ရစ်တဲ့ အားက ယန်ချူဂျူးနဲ့ ချည်နှောင်ထားတဲ့ သစ်ပင်ကြီးကို မီးသွေးတုံးကြီးအဖြစ် ပြောင်းလဲသွားစေခဲ့ကာ မြေပြင်ပေါဲတွင် တွင်းအကြီးကြီးတစ်ခု ဖြစ်သွားစေခဲ့သည်။

ချွမ်းယု မတရားကြောက်လန့်သွားတာကြောင့် သူမထိုအရာကို မြင်မြင်ချင်း တိုက်ရိုက်ပင် မေ့လဲသွားခဲ့သည်။

အန်းဖန်ရဲ့ နှလုံးသားက သူ့ရင်ဘတ်ကို ဆန့်ကျင်ခုန်ပေါက်သွားကာ နှလုံးခုန်သံ အကျယ်ကြီး မြည်ဟည်းသွားခဲ့သည်။ 'သွားပြီ ပြီးသွားပြီ မိုးကြိုးက အသားမည်းတဲ့ ကောင်မလေးကို အပိုင်းပိုင်းဖြစ်အောင် လုပ်လိုက်ပြီပဲ နေမှာ။ စိတ်ဝိညာဉ်အင်ပါယာတွေတောင်မှ ဒီလိုကြိီးမားတဲ့ စွမ်းအားနဲ့ ကောင်းကင်မိုးကြိုးတွေကို ဆန့်ကျင်တဲ့နေရာမှာ အခက်တွေ့ကြရဦးမှာပဲ။ ဒါ့အပြင်ကို အသားမည်းတဲ့ ‌ကောင်မလေးမှာက စိတ်ဝိညာဉ်စွမ်းအား လုံး၀ရှိနေတာမဟုတ်ဘူး'

အချိန်အကြာကြီး စောင့်ဆိုင်းပြီးတဲ့အထိ တွင်းထဲကနေ လှုပ်ရှားမှု တစ်စုံတစ်ရာကို အန်းဖန်မမြင်ရသေးပေ။ သူ့လက်တွေက တုန်ရီသွားခဲ့သည်။ သူက အသံလွှင့်အဆောင်တစ်ခုကို ထုတ်ယူလိုက်ပြီး ပြောလိုက်သည်။ "မြင့်မြတ်တဲ့ အရှင် အသားမည်းတဲ့ မိန်းကလေးက မိုးကြိုးအပစ်ခံရပြီးတော့ သေဆုံးသွားပါပြီ"

အန်းဖန် အနည်းငယ် ၀မ်းနည်းသလို ခံစားလိုက်ရသည်။ 'အသားမည်းတဲ့ ကောင်မလေးက ရူးနေတယ် ဆိုပေမယ့်လည်း သူမက အရမ်းစိတ်၀င်စားဖို့ ကောင်းနေသေးတုန်းပဲ။ အား...မြင့်မြတ်တဲ့ အရှင်က ဘာတွေတွေးနေတာလဲ။ သူက ဒီအသားမည်းတဲ့ မိန်းကလေးကို တစ်ကယ်ပဲ သဘောကျနေခဲ့တာဆိုရင် သူအရမ်း ၀မ်းနည်းသွားမှာ မဟုတ်လား'

ယန်မိသားစုရဲ့ ကိုးလေးက တစ်ကယ့် ပြဿနာအိုးလေးပဲ။Where stories live. Discover now